အခန်း ( ၂၁)

127K 8K 1.7K
                                    


ကလေးနှစ်ယောက်၏တင်ပါးလေးတွေအားအသာပုတ်ပေးရင်း နှိုင်းတုမဏိအတွေးပင်လယ်ထဲလက်ပစ်ကူးလျက်ပင်။

ပြေးထွက်ခဲ့သောအချိန်တွေမှာကြာလင့်ပြီဖြစ်သည်။ ပြန်မတွေးချင်လောက်အောင်နာကျင်စရာကောင်းသော်ငြား အခုထိ သူဖမ်းဆုပ်ထားမိသောအတိတ်ဆိုလည်းဟုတ်၏။

အချစ်ဦးရူးတောင်မမေ့ဘူး ဆိုလျှင် ရူးရူးသွပ်သွပ်အထိချစ်ခဲ့ရသောထိုလူ ။

ကာလတစ်ခုအကြာမှပြန်တွေ့ရသည့်အခါ တစ်ခါမျှ တစ်ချက်လေးကြည့်ရုံဖြင့် ထိုလူ၏ ပြောင်းလဲမှုအဆင့်ဆင့်အား အတွင်းကျကျမြင်တွေ့နိုင်တဲ့အထိ အတိတ်မှ လူအားသူလွမ်းဆွတ်နေခဲ့၏။

တံခါးချပ်၏နောက်တွင် ထိုလူပြောခဲ့စကားတွေမှာ သူ့အတွေးထဲတဝဲဝဲလည်လျက်ရှိနေခဲ့သည် ။

   " မဏိ  လွန်ခဲ့တဲ့နှစ်တွေက မိန်းကလေးအမှတ်နဲ့ ကိုယ်လိုက်ခဲ့တာ မင်းမှန်း ကိုယ်သိခဲ့ပြီးပြီ  ။  ဘယ်လိုလုပ် မသိကျေးကျွံပြုပြီးနေရက်ခဲ့ရတာလဲကွာ   " 

အနည်းငယ်ရုန်းတာနှင့် လက်မောင်းတွေအား အင်အားပိုထည့်လို့ သိမ်းကြုံးဖက်လာသည့်အတွက် မဏိ ငြိမ်သက်လိုက်ရသည်  ။

    "  ​ပြောခွင့်မှမရှိခဲ့တာ  ။  ခင်ဗျားကလဲမမြင်နိုင်ခဲ့သလို  ကျွန်တော်ကလဲ မပြောနိုင်ခဲ့ဘူး  ။  အဲ့တုန်းက ကျွန်တော်အများဆုံးလုပ်နိုင်ခဲ့တာဆိုလို့ မမကြောင့်ပြုံးနေတဲ့ခင်ဗျားကိုငေးကြည့်နေခဲ့တာပဲ ရှိတယ်   " 

မဏိ၏အသံမှာတုန်ယင်နေသော်လည်း ဆုံးခန်းတိုင်၏။ အနာဟောင်းအားတူးဆွရသောအခါ နာကျင်မှုမှာ အတိုင်းသားပင် ။

    "   ကိုယ်  အဲ့နေ့က တကယ်ဘာမှမဖြစ်ခဲ့ဘူးဆို မင်းယုံမှာလား  "

မျက်ဝန်းတွေမှာ ခဏတာကျယ်ဝန်းသွားသော်လည်း ထိုနေ့ကမြင်ကွင်းကမျက်လုံးထဲဝင်ရောက်လာတဲ့အခါ နှိုင်းတုမဏိငြိမ်သက်သွား၏။

   "  နန္ဒာက မူးတယ်ဆိုလို့ သူ့အခန်းထဲဝင်ပို့ပေးရင်း လဲကျသွားခဲ့တာ ။  ဘာမှမဖြစ်ခင် အဲ့လိုအနေအထားနဲ့ မင်းမြင်သွားခဲ့တာပဲ   " 

My Bad Husband Where stories live. Discover now