အခန်း ( ၁၀)

167K 8.7K 925
                                    


ကားစတီယာရင် အားကိုင်ထားသောလွမ်းအဂ္ဂညို၏ လက်မှာသွေးကြော အပြင်သို့ပေါက်ထွက်တော့မည့်နှယ်။

" နိုင်ငံခြားကို သွားဖို့...ကျွန်တော်မပြောမိပါဘူး "

" မင်း အမေနဲ့ဖုန်းပြောတုန်းကပြောနေတာဘာလဲ "

" ဘယ်မှာပြောမိလို့လဲ ဒေါ်ဒေါ် နဲ့ ကျွန်တော်တစ်ခါလေးမှ ဖုန်းမပြောဖူးပါဘူးနော် "

မျက်ဝန်းလေးကလည်ကလည်ဖြင့်ငြင်းဆန်ကာ ထိုကောင်လေး၏စကားမှာအလိမ်အညာမဟုတ်တန်။ မိခင်ဖြစ်သူ၏ကျော့ကွင်းတွင်မိလေသောသူ့အဖြစ်ကိုပြန်တွေးလိုက်မိတဲ့အဂ္ဂ အံသာတင်းတင်းကြိတ်လိုက်မိသည်။

" အကိုအဂ္ဂကိုကျွန်တော်ပြောစရာရှိတယ် "

ကားမောင်းနေရင်းဘေးစောင်းကြည့်လိုက်တဲ့အခါ မဏိကခေါင်းကိုငုံ့ထား၏။ စိတ်လှုပ်ရှားလျှင် လက်မ၏ထိပ်ကလေးကိုအခြားလက်ဖြင့်ကုတ်တက်သော ကလေးကလားအကျင့်လေးကြောင့် လွမ်းအဂ္ဂညို၏နှုတ်ခမ်းထောင့်စွန်းလေးတွေမသိမသာကော့တက်သွားသည်။

" ပြော ဘာပြောမို့လဲ "

" မမက အကိုအဂ္ဂရဲ့ အချစ်ဦးလား"

ဟိုးယခင်သူရူးရူးမိုက်မိုက်ဖြစ်ခဲ့တဲ့အချိန်လေးတွေကိုပြန်မြင်ယောင်မိသေးသည် ။ ထိုအမျိုးသမီးလေးဘယ်လောက်လှကြောင်း တချိန်ကမြတ်နိုးခဲ့ရသော မျက်ဝန်းပြာတွေမှာ တစ်စုံတစ်ယောက်နှင့်တူကာ မိမိရရနမ်းရိူက်ဖူးသော ဆံနွယ်ရနံ့လေးမှာလည်းတစ်စုံတစ်ယောက်နဲ့တူ၏။

" ဟုတ်တယ် အဲ့တာနဲ့ မင်းနဲ့ဘာဆိုင်လဲ "

" အချစ်ဆိုတဲ့ အဓိပ္ပါယ်က အကိုအဂ္ဂအတွက်ဘယ်လိုသဘောရလဲ ကျွန်တော်သိချင်ရုံပါ "

လွမ်းအဂ္ဂညိုလှည့်ကြည့်လိုက်တဲ့အခါ လေတိုးသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။ ကားပြတင်းပေါက်ကို ခပ်နိမ့်နိမွချလို့ အဝေးသို့ငေးကြည့်နေသော မဏိ၏ မဟူရာ ဆံနွယ်နက်နက်ကလေးတွေမှာ ဟိုသည်ယိမ်းနေ၏။

မျက်ဝန်းပြာတွေ၏ပြတင်းတံခါးကိုချလို့ လေပြေ၏အေးမြခြင်းကိုခံယူနေသောထိုကောင်လေးမှာ ဒဏ်ရာရနေသောကြောင်ပေါက်လေးတစ်ကောင်နှင့်တူသည်။

My Bad Husband Where stories live. Discover now