အခန်း (၃၁)

108K 7.1K 772
                                    


အရေးပေါ်ခွဲစိတ်ခန်း၏ တံခါးချပ်အပေါ်မှ နာရီဖော်ပြချ​က်ကိန်းခဏန်းတွေမှာ တဖြေးဖြေးချင်းပြောင်းလဲနေပြီဖြစ်သည် ။

နှိုင်းတုမဏိ၏ မျက်နှာမှာသွေးမရှိသောလူနှယ်ဖြူစုတ်လို့ နှုတ်ခမ်းပါးတွေမှာလည်းတဆက်ဆက်တုန်ယင်နေ၏။ 

မျက်ဝန်းပြာတွေမှာ အရောင်မှိန်လို့ မျက်ခွံတွေမှာတော့လုံးဝနီရဲမို့အစ်နေပြီဖြစ်ချေသည် ။

     "  ဖေဖေ   .... "

ကလေးနှစ်ယောက်မှာ ရေမိုးချိုးကာအဝတ်စားလဲပေးထားပြီးဖြစ်သော်လည်းထိုင်းမှိုင်းမှိုင်းလေးတွေဖြစ်နေတုန်းပင်  ။  

   "  ဖေဖေ့ ဆီ လာပါအုံး  "

ကလေးနှစ်ယောက်အား ရင်ခွင်ထဲဆွဲပွေ့လိုက်တဲ့အခါ ထိုသေးသေးလေးတွေမှာအသာတကြည်သာလိုက်ပါလာ၏။ 

အေးစက်သောအငွေ့အသက်တွေကြားတွင်တိုးညှင်းသောရိူက်သံလေးမှာ  ဝမ်းနည်းစို့နင့်စွာထွက်ပေါ်နေခဲ့သည်။

     ခွဲခန်းတံခါးပွင့်လို့ တာဝန်ခံဆရာဝန်ကြီးထွက်လာသည်နှင့်နှိုင်းတုမဏိ၏မျက်ဝန်းတွေမှာ မျှော်လင့်ချက်ကြောင့် အရောင်တွေတောက်ပလာ၏။

ကလေးတွေအား မြင့်မြတ်သူခဏဘေးဖယ်ထုတ်ပေးသွားပြီသည်နှင့်ဆရာဝန်ကြီးမှာလေးဖင့်စွာဆိုလေသည် ။

   " လူနာကအသက်အန္တရာယ်ကနေတော့လက်မတင်လေးလွှတ်မြောက်ခဲ့ပါတယ်   ။  ဒါပေမဲ့   ....  " 

အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးဆိုတာနဲ့ နှိုင်းတုမဏိ၏စိတ်အစုံမှာ တည်ငြိမ်လို့သက်ပြင်းသာအခါခါခိုးချလိုက်မိသည်   ။  

   "  ထိခိုက်မှုကြောင့် လူနာရဲ့ ခါးမှာပြင်းပြင်းထန်ထန်ဒဏ်ရာ ရသွားခဲ့တယ်။  အဲ့တာရဲ့အကျိုးဆက်က သူ့ခြေထောက်တွေကို အသုံးပြုဖို့အတွက်ခက်ခဲစေလိမ့်မယ်  " 

   "  ဆရာဆိုလိုတာက... " 

"  ပုံမှန်ဆို ခါးထိခိုက်မှုကြောင့်အောက်ပိုင်းသေတာက သုံးလနဲ့ခြောက်လကြားမှာပြန်ကောင်းနိုင်တယ်လို့ဆိုနိုင်ပေမဲ့  လူနာရဲ့ ထိခိုက်မှုကပြင်းထန်တာကြောင့် ပြန်ကောင်းလာနိုင်ဖို့က 100ရာခိုင်နှုန်းမှာ  40 ရာခိုင်နှုန်းပဲရှိပါတယ်   " 

My Bad Husband Where stories live. Discover now