အခန်း ( ၂၆)

119K 6.7K 1.4K
                                    


ကားမှာ တငြိမ့်ငြိမ့်ဖြင့် နှိုင်းတုမဏိ၏နေအိမ်သို့ရောက်ရှိလာ၏။ ကားတံခါးအားဖွင့်လို့ဆင်းကာ အိမ်မှာတော့ တိတ်ဆိတ်နေလေသည်။

   " သမီးနဲ့သားရော  "

"  အဒေါ်တို့အိမ်မှာ  "

" ဘယ်ကအဒေါ်လဲ  "

လွမ်းအဂ္ဂညို အပေါ်ကုတ်ကိုချွတ်လို့ ဆိုဖာပေါ်ခြေ ချိတ်ထိုင်ရင်း လက်ခုံဖြင့်နှုတ်ခမ်းနားကသွေးစတွေကိုသုတ်လိုက်၏ ။

ကုန်းလိုက် ငုံ့လိုက်ဖြင့် ရှာပုံတော်ဖွင့်နေသောမဏိမှာလွမ်းအဂ္ဂညို၏ မေးခွန်းတွေအား လိုရင်းတိုရှင်းသာ ခပ်ဆက်ဆက်ပြန်ဖြေနေလေသည် ။

   " ကိုယ်မေးနေတယ်လေ ဘယ်ကအဒေါ်လဲလို့   " 

  "  ကိုသောတ ရဲ့အမေ   " 

လွမ်းအဂ္ဂညို၏ အသက်ရူသံတွေမှာခဏတော့ ကမောက်ကမ ဖြစ်သွားရ၏။ မိမိ၏သွေးသားတွေအား သူစိမ်းလက်ထဲ၌ ရှိနေရုံမက ထိုလူမှာမိမိပြိုင်ဘက်၏ မိခင်ဖြစ်နေသေးသည်။

တကယ်ဆို သူ့အမေက စိတ်ဆိုးနေဆဲဖြစ်တာကြောင့်ကလေးတွေကိုပင်မတွေ့ရသေးတဲ့အခြေနေမှာ သောတလှိုင်းကတော့ဖြင့် သူ့ထက်အရင်ဦးစွာခြေလှမ်းဦးနေခဲ့ပြီဖြစ်သည် ။

    "  ခင်ဗျား ပါးစပ်ဟလိုက်အုံး  "

ခုံပုံတစ်လုံးအားခုထိုင်လို့ လွမ်းအဂ္ဂညို၏ရှေ့တွင် ထိုလူအားခေါင်းငုံ့စေကာ ဂွမ်းတံလေးဖြင့် ဆေးတို့ကာ လျှာရှိအနာအားရှာဖွေနေလေသည် ။

   "  လျှာကို သေချာထုတ်ပေးပါအုံး ကျွန်တော်မမြင်ရဘူး   " 

"  ကိုယ့်လျှာက ထုတ်တာမကျွမ်းဘူး။ထည့်တာပဲကျွမ်းတာ မင်းလဲသိရဲ့သားနဲ့ကို "

နှိုင်းတုမဏိ၏ လက်မှာတုန်ယင်သွားလို့ နားရွက်ဖျားတွေမှာချက်ချင်းဆိုသလိုနီရဲတက်လာ၏။

တုန်ယင်နေသောလက်ဖြင့်သာ လွမ်းအဂ္ဂညို၏ လျှာ၏ ဘေးစောင်းနားလောက်တွင်ရှိသော ပေါက်ပြဲနာလေးအား ခပ်ဖွဖွဆေးထည့်ပေးနေ၏။

    "  မင်း ကိုယ်နဲ့ပြန်လိုက်ခဲ့တော့ မဏိ"

နှိုင်းတုမဏိ၏လက်တွေမှာတုန့်ငင်သွားလို့ ဆေးထည့်နေခြင်းကိုအဆုံးသတ်လို၏။  မျက်ဝန်းပြာတွေမှာတည်ငြိမ်ကာ ဆေးဘူးအားနေရာတကျထားပြီးတာနှင့်  ဆံပင်တွေအား အသေချာပြန်ပြင်စည်းနှောင်နေလေသည်။

My Bad Husband Tempat cerita menjadi hidup. Temukan sekarang