အပိုင်း(၂)

173K 10K 1.8K
                                    

   " မိုက်လွန်းတဲ့ သား "

ဆေးရုံကုတင်ပေါ်ကျောမှီလို့ ပတ်တီးအပြည့်ဖြင့် နာကျင်နေရှာသော သားလုပ်သူအားကြည့်လို့ ပခုံးပေါ်မှသဘက်ဖြင့်မျက်နှာအားသုတ်ရင်း မစန္ဒာ ငိုကြွေးနေတော့သည်။

   " ကျွန်တော်တောင်းပန်ပါတယ် ။ အမေမျက်ရည်ထပ်မကျပါနဲ့တော့  "

   " မိဘဆိုတာ သားသမီးအပ်စူးရင်တောင် အစားခံပေးချင်တဲ့လူစားမျိုး ကောင်​လေးရဲ့ တပါးသူကြောင့် ဒီလိုဖြစ်တော့ ဒီမိန်းမကြီးရင်တွေနာတာလှပါဘိ  " 

လွမ်းအဂ္ဂညို အဝေးတစ်နေရာလှမ်းကြည့်ရင်း ဒေါ်ဒေဝီ၏စကားရိုင်းတို့အားနားထဲပြန်ကြားရောင်ရင်းခံပြင်းစိတ်တွေ အူထဲအသည်းထဲမှလှိုက်ထလာခဲ့သည် ။ 

နာကျင်မှုအားအံတုလို့ ထ ထိုင်ရင်း အတွေးထဲပေါ်လာသည်က ကြည်ပြာရောင်မျက်ဝန်းတစ်စုံ ။

ဖြူဖွေးလို့ ပါးရဲရဲလေးနှစ်နှင့် ဟန်ပန်မှာနူးညံ့လို့ အသက်အားဖြင့် ဆယ့်ခွန် ဆယ့်ရှစ်သာသာလောက်မျှသာ။

ဂုဏ်မောက်နေသော ထိုအမျိုးကြီး၏ မျက်နှာအားပြေးမြင်လို့ အများက 'အခြောက်အဖွား ' ဟုခေါ်ဆိုသောအခါ အဘယ်သို့နေမည်နည်းတွေးမိတဲ့အခါ လွမ်းအဂ္ဂညို၏ မျက်ဝန်းတစ်စုံမှာ အမုန်းတရားတွေအပြည့်  ။ 

အသည်းကိုခွဲတာ အပြစ်မဆိုချင်ပေမဲ့ မာနတရားကို ထိပါးလာရင်တော့ ယောကျာ်းဆိုတာ အသားဆာနေတဲ့သားရဲတစ်ကောင်ပဲဆိုတာ ထိုအမျိုးသမီးကြီးအား​ပြသချင်စမ်းပါဘိ။ 

                      ×  ×  × 

"မဟုတ်ပါဘူး   မမ ရယ်  "

ဖြန်း ခနဲကျရောက်လာတဲ့ရိုက်ချက်ကြောင့် မျက်နှာလည်ထွက်မတက်။ ရိုးအီနေပြီဖြစ်သောရိုက်ချက်တွေကြား တောင့်ခံရင်း မဏိ အံသာကြိတ်လိုက်မိသည်။

  " မြေခွေးလိုကောင် ။ ကိုကျော်စွာကိုမြူစွယ်နေတာငါ မသိဘူးများထင်နေတာလား  ဟမ်း  " 

ဦးရေပြားတွေကျဥ်တက်သည်အထိဆောင့်ဆွဲခံနေရသောဆံပင်တွေမှာ မနက်ကအထိတော့ မမဆီက အပွတ်သပ်ခံနေရတုန်းဖြစ်သည်။

My Bad Husband Where stories live. Discover now