ကားမှာတရွေ့ရွေ့ဖြင့် လမ်းမတွေဆီပြေးလွှားနေလေသည်။ မှန်မှတဆင့်နောက်ခန်းသို့တစ်ချက်လှမ်းကြည့်ရင်းမြင့်မြတ်သူ အရှေ့သို့သာအာရုံပြန်စိုက်နေလိုက်သည် ။
လွမ်းအဂ္ဂညို ထံမှ စူးစူးစိုက်စိုက်အကြည့်ခံနေရသော နှိုင်းတုမဏိမှာလည်းအသက်ရူသံတွေတောင်မှားလုနီးပါးပင်။
" ညနေစောစောပြန်လာလေ ။ ကိုယ်မင်းကိုကားမောင်းသင်ပေးမယ် "
" ကျွန်တော်တော့ အဲ့တာကောင်းတဲ့အစီစဥ်လို့ မထင်ဘူး အကိုအဂ္ဂ "
" ကိုယ်လျှာက အကောင်းတိုင်းရှိနေပါသေးတယ်ကွာ ။ စကားတော့ကောင်းကောင်းပြောနိုင်ပါသေးတယ် "
လွမ်းအဂ္ဂညိုထံမှ လျှာ ဟူသောအသံကြားတိုင်း နှိုင်းတုမဏိ မှာအကြောင်းပြချက်မဲ့စွာရှက်ရွံရစမြဲပင်။
ဘေးချင်းကပ်လျက်အတူထိုင်နေရင်း ပခုံးစွန်းလေးတွေမှာ ထိကပ်နေကာ တစ်ဦးအပူရှိန်တစ်ဦးခံစားနေရသည်။
နှိုင်းတုမဏိ ကိုယ်ကို ကျုံ့ကာကားပြတင်းပေါက်ဘက်ပို၍တိုးကပ်သွားလေသည်။
လက်မတစ်ထောက်စာလောက်အကွာအဝေးကိုကြည့်ကာ လွမ်းအဂ္ဂညိုမျက်မှောင်ကုတ်သွား၏။
နှိုင်းတုမဏိမှာ ဆန့်ကျင်ဘက်သံလိုက်လေးနှင့်တူကာ လွမ်းအဂ္ဂညို အနားကပ်လာတာနှင့်အကွာအဝေးတစ်ခုကိုအလျင်အမြန်ခြားတက်လေသည်။
" ကိုယ့်နားပြန်ကပ်! "
" ဒီလိုလဲ ထိုင်လို့ရနေတာပဲကို "
" မင်းရပေမဲ့ ကိုယ်မရဘူး ။ အခုကိုယ့်အနားပြန်ကပ်! "
" အကိုအဂ္ဂ က တစ်နေတခြား ပိုပိုဆိုးလာတယ်! "
" ကိုယ်သာမဆိုးခဲ့ရင် နီးစပ်ခဲ့ကြမှာတောင်မဟုတ်ဘူး မဏိ "
နှိုင်းတုမဏိ၏ဒေါသစိတ်ကလေးမှာအနည်းငယ်ပျော့ပျောင်းသွားရ၏။ ထိုလူ၏ခြေထောက်တစ်စုံဆီအကြည့်ရောက်မိတိုင်း ရင်ဘက်ထဲဝေဒနာတစ်ခုကိုခံစားရစမြဲ ။
တဖြေးခြေးချင်းထိကပ်လာတဲ့ပခုံးစွန်းလေးတွေ . . . ။
နှလုံးသားထဲထိ နွေးထွေးစေတာကြောင့်တစ်စုံတစ်ယောက်၏အပြုံးမှာတော့ဝင့်ခနဲ ။
![](https://img.wattpad.com/cover/291644275-288-k872299.jpg)
YOU ARE READING
My Bad Husband
RomanceSeme is Asshole! Abuse Type ဖြစ်တာကြောင့် အနိုင်ကျင့်ခြင်း ကြမ်းတမ်းသောစကားတွေနှင့် Adult Scenes တွေပါတာကြောင့် အဆင်ပြေမှဖတ်ပါရှင့်။ || Complete ||