အခန်း ( ၄၅)

64.7K 4.7K 663
                                    


ဧည့်ခံပွဲမှာအချိန်အတော်လေးကိုကြာ၏။ ကျယ်ဝန်းသည့်ခြံတစ်ခုလုံးမီးဆိုင်းတွေဖြင့်လင်းထိန်နေကာ လူလည်းတော်တော်နှင့်ရပ်စဲမည့်ပုံမပေါ်ချေ။

လွမ်းအဂ္ဂညိုကငယ်ရွယ်ကာအောင်မြင်သည့်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တာကြောင့် ဂုဏ်ပြုပွဲတက်ရောက်သူတွေမှာလည်းအလွှာစုံ ၊ အရွယ်စုံလေသည်။

အိမ်ထောင်သည်ယောကျာ်းသားတွေမှာအရက်ခွက်ချင်းတိုက်လို့ ကြီးပွားရေး ၊စီးပွားရေးအကြောင်းပြောနေစဥ် သက်လတ်ပိုင်းအိမ်ထောင်ရှင်အမျိုးသမီးတွေကြားနှိုင်းတုမဏိ ယောင်လည်လည်နှင့်။

အမျိုးသမီးတွေမှာ အိမ်ထောင်သည်ဖြစ်တဲ့အပြင်ရင်းနှီးလွယ်ကာပွင့်လင်းကြ၏။

ဖြူဖြူနုနုယောကျာ်းသားလေးအား ယောကျာ်းယူထားတယ်ဆိုတာသိတာနှင့် သူတို့၏ 'အိမ်မှယောကျာ်းအပြင်စာမစားရေး ' ခေါင်းစဥ်နှင့်စကားဝိုင်းအောက်သို့ဆွဲသွင်းလိုက်တော့သည်။

အမျိုးသမီးတို့မှာစကားပြောအလွန်ပွင့်လင်းကာ ခေါင်းစဥ်နှင့်အညီ စကားအဓိပ္ပါယ်တွေမှာလည်းအတော်လေး လန့်ဖြန့်စရာကောင်း၏။

နှိုင်းတုမဏိ၏နားရွက်ထိပ်လေးတွေမှာမီးရောင်အောင်ရဲရဲနီလို့ ဆိုင်သူရှိရာမဝံ့မရဲခိုးကြည့်လိုက်စဥ် ထိုလူမှာလည်းသူ့အားစိုက်ကြည့်နေကာနှုတ်ခမ်းထောင့်လေးတွေကော့တက်နေလေသည်။

'' ကလေးနှစ်ယောက်မွေးထားတယ်ဆို မထင်ရဘူးနော်... တို့အပျိုတုန်းကတောင် မောင်လေးလောက်မလှဘူးသိလား... အခုနေဟိုအကောင်နဲ့သာမညားဖြစ်ရင် မောင်လေးကိုဆွဲစားလိုက်ပြီ ...''

ထိုအမျိုးသမီး၏စကားကြောင့် ဘေးမှအမျိုးသမီးတွေနှင့်နှိုင်းတုမဏိပါရယ်မောလိုက်မိသည်။

ရယ်မောနေစဥ် ဆိုင်သူအသီးသီးရောက်ချလာလို့ လွမ်းအဂ္ဂညိုကတော့ထိုနားတွင်သာကျန်ရစ်ခဲ့လေသည်။

နှိုင်းတုမဏိလှည့်ကြည့်လိုက်စဥ်လွမ်းအဂ္ဂညို၏ဘေးတွင် မိန်းကလေးတစ်ယောက်ရှိနေ၏။

ထိုမိန်းက​လေး၏အသားအရည်မှာဖြူဖွေးလို့ ဂါဝန်ရှည်မှာပေါင်လည်လောက်ထိခွဲထားကာရင်ဘက်ရှိအမို့အမောက်မှာတော့လှစ်ဟပြထားလေသည်။

My Bad Husband Where stories live. Discover now