အချိန်တွေမှာတရွေ့ရွေ့ ။ လွမ်းအဂ္ဂညိုမှာ နှိုင်းတုမဏိ၏ ပန်းဆိုင်တွင်သာအချိန်အများဆုံးကုန်လေ့ရှိသည်။
ဘေးမှလူတွေပါသတိထားမိသည်အထိကပ်တွယ်လာတက်သောထိုလူပင်။ အခုဆို Laptop ပါယူလို့ တက်သစ်စ ပန်းဆိုင်မှာသူ၏အလုပ်နေရာလိုဖြစ်နေ၏။
သောတလှိုင်းမှာဆိုင်ထဲဝင်လိုက်တာနှင့် ဆိုင်ဒေါင့်တစ်နေရာမှ လူအားမှောင်ကုတ်ကုတ်ဖြင့်ကြည့်လေသည်။
မြွေမြွေချင်းခြေမြင်သည် ဟူသောစကားမှအပိုတော့မဟုတ်ချေ ။ နှစ်ဦးသားမှာ လွှမ်းမိုးလိုစိတ်ပြင်းထန်သော ယောကျာ်းသားတွေမို့ အကြည့်တွေမှာမီးပွင့်မတက်ပင် ။
နှိုင်းတုမဏိ၏ဒီနေ့အဝတ်အစားမှာ အပြာနုရောင်လေးဖြစ်ကာ နောက်ကျောဇစ်ဆွဲလေးဖြစ်၏။
လက်လှမ်းမမှီတာမို့ဇစ်အားအပေါ်ထိမဆွဲတင်ထားတဲ့အခါ ဖြူဖွေးကျော့ရှင်းသောကျောပြင်လေးမှာ မြင်သာနေလေသည် ။
သောတလှိုင်းမှာ ပြောရန်ပြင်လိုက်သောလည်း ရှက်သွားမည်ဆိုးတာကြောင့် အမူရာပြရန်ပြင်နေစဥ် သန်မာသောလက်တစ်ဖက်မှာအလျင်အမြန်ရောက်လာလို့ ဆံနွယ်နက်နက်တွေအားညှပ်တင်ထားသော ညှပ်အားဖြုတ်ချလိုက်၏။
နက်မှောင်ရှည်လျားသောမဟူရာဆံနွယ်တွေမှာ ဖြာ ခနဲဝဲကျလို့ အုန်းဆီရနံ့သင်းသင်းလေးမှာ လေထုတွင်ဝေ့ဝဲလို့။
" ဘာလုပ်တာလဲ "
" မြင်တဲ့အတိုင်းပဲလေ ညှပ်ကိုဖြုတ်လိုက်တာ "
မဏိ၏အမေးအားခပ်မြန်မြန်ပြန်ဖြေသော လွမ်းအဂ္ဂညို၏ အသံမှာခပ်တင်းတင်းပင် ။
YOU ARE READING
My Bad Husband
RomanceSeme is Asshole! Abuse Type ဖြစ်တာကြောင့် အနိုင်ကျင့်ခြင်း ကြမ်းတမ်းသောစကားတွေနှင့် Adult Scenes တွေပါတာကြောင့် အဆင်ပြေမှဖတ်ပါရှင့်။ || Complete ||