အခန်း ( ၇)

137K 8.3K 1.8K
                                    


ယောကျာ်းသားဆိုလျှင် အသက်ဆယ့်ငါးနှစ်အထိ ယောင်ထုံးဖြင့်နေရပြီး မိန်းမသားဆိုလျှင် ဆံပင်အတို ၊ အကောက်မညှပ်ရသည်မှာအိမ်တော်၏စည်းကမ်းချက်တွေဖြစ်သည်။

နှိုင်းတုမဏိ အသက်ဆယ့်သုံးနှစ်မှာ သူ၏သွင်ပြင်မှာ နူးညံ့ကာ ပန်းမာလာအဖူးငုံလေးနှင့်တူစွာလှပလေသည်။

ငယ်စဥ်ကတည်းက ငိုခြင်း ၊ ကောက်ခြင်းမရှိသော ထိုကလေးက သံမဏိပန်းလေးလည်းဖြစ်၏။

မယ်မယ်ကြီး၏အရှိန်အဝါ​ကြောင့်သာမပြောရဲကြပေမဲ့ အိမ်တော်၏ လုပ်သားလူပျိုတွေကြားတွင်လည်း နှိုင်းတုမဏိ၏ အလှပမှာကျော်ကြားလေသည်။

ယောင်ထုံးဖြည်ချလိုက်တဲ့အခါ နက်မှောင်ရှည်လျားသောဆံကေသာတွေမှာ ခါးစပ်ထိ ဖြာ ခနဲဝဲကျလာသည်။

မျက်နှာသေးသေးလေးနှင့် ထိုဆံနွယ်နက်နက်တွေမှာ အလွန်ကိုလိုက်ညီလှ၏။ လှပသော ပင်လယ်ရေရောင်မျက်ဝန်းပြာတွေနှင့် ပေါင်းစပ်လိုက်သည့်အခါထိုအမျိုးသားငယ်လေးမှာ ဘုံကြိုးပျက်သောနတ်ဒေဝီအလားပင်။

" ငါ့အစားသွားပေး "

မှန်ရှေ့ ခပ်ကျော့ကျော့ထိုင်လို့ ခပ်တင်းတင်းဆိုလေသော မမ၏အမိန့်ဆန်ဆန်စကားအား မဏိမလွန်ဆန်နိုင်ခဲ့ချေ။

" စောင်းတီးတဲ့ ဆရာက သိမှာ မမရဲ့ မယ်မယ်ကြီးနဲ့ ပြန်တိုင်ရင် သားအရိုက်ခံရလိမ့််မယ် "

" မယ်မယ်ကြီးကို ငါ့တာဝန်သာထားစမ်းပါ ။ အဲ့စောင်းကြီးရင်ဘက်ထဲပိုက်ပြီး တချိန်လုံး တဒေါင်ဒေါင်တီးနေရမှာကြီး ငါစိတ်ကုန်လို့ "

ကင်းမြှီးကောက်သဏ္ဍာန်​စောင်းအနီအား မေးငေါ့ပြလို့ မမကြအတင်းငြင်းဆိုလေသည်။

မမအဝတ်စားတွေထဲမှ တော်မည့်အထည်ရွေးချယ်လို့ ဝတ်ဆင်ကာဂီတဆောင်ဘက်ခြေဦးတည်လိုက်သည်။

ကြံရည်ရောင်ချည်ထမီနှင့် ရင်တစ်ခြမ်းဖုံးပိတ်ဖောက်ဇာနှင့် မဏိ၏အသွင်မှာ မျက်စိလွှဲနိုင်ဖွယ်မရှိ။

" ဟိတ် .... အမိလေး "

စကားပြောလျှင်အလိမ်ပေါ်သွားမည်ဆိုးတာကြောင့် မဏိအသံမထွက်ရဲချေ။ အိမ်တော်တွင်းလူစိမ်းဝင်ခဲတာကြောင့် ထိုလူအားမဏိမသိချေ။

My Bad Husband Where stories live. Discover now