အခန်း ( ၂၈)

112K 6.7K 478
                                    

ကား၏ပြတင်းတံခါးပေါက်မှနေ တဆင့်လှမ်းမြင်နေရတဲ့မြင်ကွင်းတွေမှာ လျှပ်တပြက်ဆန်လွန်းလှသည်။

နှိုင်းတုမဏိ၏ ဆံပင်တွေမှာမသေမသပ်ညှပ်ထားမှုကြောင့်ကျိုးတို့ကျဲတဲဖြစ်နေချေသည် ။

အဝေးပြေးကားကြီး၏ တသိမ့်သိမ့်ထွက်ခွာမှုစတင်တာနှင့် ကလေးနှစ်ယောက်မှာ သူ၏ရင်ခွင်အတွင်းသို့ဝင်ကာ စတင်မှေးစက်နေပြီဖြစ်သည် ။

   " သိပ်မလှုပ်နဲ့နော်  ...ဖေဖေအသားတွေနာနေလို့  " 

ခေါင်းတဆက်ဆက်ငြိမ့်ပြကြရင်း ပေါင်တစ်ဖက်ဆီတွင်နေရာဝင်ယူလို့ ရင်ဘက်ဆီခေါင်းတင်မှီကာ အိပ်ပျော်သွားကြပြန်သည်  ။  

တစ်ခါတလေ  သားရဲတွင်းကပင်အလုံခြုံဆုံးနေရာဖြစ်နေတက်သည် ။ 

မွေးရပ်မြေသို့ပြန်ချိန်တွင်   ကလေးနှစ်ယောက်အပေါ်ထားသည့် ချစ်ခြင်းမေတ္တာအပြင်  သူ့ရင်ထဲတွင်ဗလာသပ်သပ်ခံစားချက်တွေသာဖြစ်ပေါ်နေခဲ့သည်  ။ 

တစ်စုံတစ်ယောက်ပေါ် ချစ်တဲ့စိတ်။ မုန်းတဲ့စိတ် ဆိုတာမျိုးမရှိတော့ပဲဟင်းလင်းပြင်သာရှိနေခဲ့သည် ။

လွမ်းအဂ္ဂညို ဆိုတာ  သူ၏နာကျင်မှုအပိုင်းအစဖြစ်ကာ   မည်သည့်နာကျင်မှုမျိုးမဆို   အချိန်ကြာလျှင်ပျောက်ကွယ်သွားတက်သည်ဖြစ်သည်  ။ 

ကားပေါ်ကဆင်းလိုက်သည်နှင့် ထည်ဝါသောအိမ်ကြီးမှာအရင်တိုင်းပင် ။. ရွှေရောင်တွေဖိတ်ဖိတ်လက်လို့  ကံ့ကော်ပင်ကြီးမှာလည်း ဟိုအရင်အတိုင်းတည်ရှိနေဆဲ  ။ 

ဖေဖေသိပ်ကြိုက်ခဲ့တဲ့ပန်းမို့ မယ်မယ်ကြီးက အမြတ်တနိုးစိုက်ပျိုးခဲ့တာဖြစ်သည်   ။  

ကံ့ကော်ပန်းတွေဟာ သိပ်မွှေးကြိုင်သည်။  ကြွေသည့်တိုင်  ညှိုးနွမ်းသွားသည့်တိုင်    ။ 

   "  ဘယ်သူပါလဲရှင့်  "

ဒေါ်ဒေါ်မှာ  သူ့ကိုမြင်တာနှင့်  မယုံကြည်နိုင်ဖွယ်  ။   မဏိ၏လက်တစ်ဖက်ဆီမှ ကလေးတွေကိုမြင်သည့်အခါ  ချုံးပွဲချ ငိုလေတော့သည်  ။

ဒေါ်ဒေဝီအပြင်ထွက်လာတဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းမှာ  သူ၏ရင်ဘက်တွေအား ရိုက်နှက်နေသည့်နှယ်  ။ 

My Bad Husband Where stories live. Discover now