အခန်း ( ၁၅)

157K 8.5K 1.4K
                                    

ရာသီဥတုသာယာသောနေ့တစ်နေ့ဖြစ်ချေသည် ။ မှန်ပြတင်း၏ အပြင်ဘက်တွင်ရှိသောကောင်းကင်ကြီးမှာပြာလဲ့လို့ တိမ်စိုင်ကင်းစင်နေ၏။

လုပ်ငန်းဆိုင်ရာခေါ်ဆိုမှုဖုန်း​ကောလ်တိုင်းကိုအရေးမလုပ်ခဲ့သည်မှာ ရက်အတန်ကြာနေပြီဖြစ်သည် ။

သူဌေးစိတ်အခြေနေမကောင်းသည်ကိုသိတဲ့ ငယ်သားတွေမှာလည်း ဖုန်းခေါ်ရုံအပြင်အခြားသောကိစ္စအားလည်းမလုပ်ရဲကြချေ ။

ဝါကြန့်ကြန့်အဆင်းရှိသော နိုင်ငံခြားအရက်အား ပုလင်းထောင်သောက်ရင်း လွမ်းအဂ္ဂညို၏ သွင်ပြင်မှာလည်းညှို့မှိုင်းနေ၏။

ပြန့်ကြဲနေသော စီးကရက်အတိုအစတွေကြား အရက်ပုလင်းတွေမှာလဲအလဲလဲအပြိုပြိုနှင် အခန်းတွင်းမှ လေအေးပေးစက်ကြောင့်အလုံပိတ်ထားသောအခန်းကျယ်မှာ ကြေကွဲခြင်းအနံ့သက်တွေဖြင့်မွန်းကြပ်ဖွယ်  ။ 

    "  ကောင်လေး   ...  "

ဒေါ်စန္ဒာ အခန်းသော့အပိုဖြင့်ဝင်လာခဲ့ပြီး အထဲမှမြင်ကွင်းအားကြည့်လို့ ရင်ဘက်တွေပါနာကျင်လာရသည်။

သားဖြစ်သူ၏ ထိုမျှလောက်အရှုံးဖြင့်ဂင်ဆိုင်နေရခြင်းပုံကိုသူတစ်ခါမျှမတွေ့ခဲ့ဖူးချေ  ။

   "  တော်တန်ရုံပေါ့ ကောင်လေးရယ်  ပြင်ဆင်ချိန်တွေရှိပါသေးတယ်   " 

လွမ်းအဂ္ဂညို ဖလင်ပြားလေးအားကြည့်လို့ လက်မဖြင့် အသာယာပွတ်သပ်နေသည်မှာ ပွန်းပဲ့သွားမှာပင်ကြောက်နေသည့်ပုံ  ။ 

    "  ကလေးတွေကို  မဏိက မလိုချင်တော့ဘူးတဲ့ အမေရယ်   " 

  "  နောင်တဆိုတာ အချိန်မနှောင်းခင်ရလိုက်ရင် အမှတ်တရဖြစ်သွားတယ် ။  ဒီလိုပဲ ကောင်လေးဆက်နေ နေရင်   အားလုံးအချိန်နှောင်းကုန်လိမ့်မယ်  "

ဖန်ခွက်ဖြူဖြူထဲရှိလက်ကျန်အရက်အားမော့သောက်လိုက်တဲ့အခါ အရသာမှာ ခါးသက်လို့ ပူပြင်းလွန်းလှသည်  ။ 

   "  ခါးတယ် အမေရယ်   "

"  ဒါဆိုလဲ မသောက်နဲ့လေ ကောင်လေးရဲ့  "

   "  အရက်ကမဟုတ်ဘူး ။  နောင်တ, တရားတွေကပါ ။ သိပ်ခါးတာပဲ  " 

ဒေါ်စန္ဒာ မှာသက်ပြင်းချရုံမှအပအခြားမတက်နိုင်ခဲ့ချေ ။  အခန်းတွင်းအောင်းလို့ အရက်အားအမှီသဟဲပြုနေသော လွမ်းအဂ္ဂညိုမှာ တဖြေးဖြေးပိန်ချုံးကျလာခဲ့လေသည်  ။  

My Bad Husband Where stories live. Discover now