အခန်း ( ၃၆)

112K 7.1K 888
                                    


' ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ် ။

   မင်းရဲ့ အပြုံးနုလေးနဲ့ ဝေးမှာကိုယ်ကြောက်နေတယ် ။

     ခြေလှမ်းလေး လှမ်းလိုက်တိုင်းမှာအရိပ်ကလေးလို ကိုယ်လိုက်နေမယ်။

    သိပ်ချစ်တာ သူသိပါကွယ် '

ဆိုင်ထဲဝင်ဝင်ချင်းကြားရသီချင်းမှာခပ်ငြိမ့်ငြိမ့် ။ ဘာရယ်မဟုတ် နှိုင်းတုမဏိ ပြုံးလိုက်လုနီးပါးပင် ။

   " ဒီနေ့ Wedding ring တစ်စုံလာအပ်ထားတာရှိတယ် မဏိ ။ Design ကတော့ရှယ်ပဲဗျာ  "

   "  ဟုတ်လား  ။ ကျွန်တော့်ကိုပြပါအုံး ကိုလွင်ထွန်း  " 

အချောသပ်ဆွဲပြထားသော လက်စွပ်ဒီဇိုင်းမှာ ရိုးရှင်းမည့်ဟန်နှင့်အနည်းငယ်ဆန်း၏။ 

အသည်းတစ်ခြမ်းဆီကာဖြစ်ကာ လက်ချင်းယှတ်လိုက်ကာမှ ထိုအသည်းလေးမှာ တစ်ခုတည်းသဏ္ဍာန်ဖြင့်ဆက်သွားသည့်ပုံလေးမှာ တော်တော်ကို ချစ်စဖွယ်ကောင်းလေသည် ။

   "  ငွေကိုလဲ အကုန်တခါတည်းချေသွားတာမို့လို့  ဒီလအတွင်း အပြီးသတ်ရမဲ့ဟာလေးတွေပြီးရင်တော့ ကျွန်တော်ဒါလေးကိုစကိုင်လိုက်ပါ့မယ်"

  "  အင်း  ကြိုးစားလိုက်ပါအုံး "

နှိုင်းတုမဏိ၏ ဖော်ရွေမှုနှင့်အပြောအဆိုချိုသာမှုတို့ကြောင့် ဆိုင်မှာနာမည်ကြီးကာ အလုပ်သမားတွေကလည်း သူတို့၏အလုပ်ရှင်အလှလေးအား အင်မတန်ချစ်ခင်ကြသည်။

လခနည်းတာ များတာ အသာထား နှိုင်းတုမဏိ၏ မျက်နှာအားမြင်နေရသည်နှင့်ကို တန်နေပြီလို့တောင်တွေးမိသည် ။

    " မဏိ  ဦးကျော်ဖုန်းဆက်တယ်ရယ် သူ့သမီးလေး ဖျားလို့အရေးပေါ်ဖြစ်သွားလို့တဲ့ ညနေလာမကြိုနိုင်ဘူးပြောတယ်  ဗျ  "

" သူငွေလိုတယ်ပြောရင် တောင်းသလောက်ထုတ်ပေးလိုက်နော် ။ ညနေကျွန်တော့်ဘာသာပဲ ကားမောင်းပြန်လိုက်ပါ့မယ်   "

  "  အဆင်ပြေပါ့မလား ဗျ  ။ ကိုကျော်စွာဆီ ဖုန်းဆက်လိုက်ရင်ရော  "

"  ရတယ်  အရမ်းဝေးရင်သာမမောင်းနိုင်တာ မြို့တွင်းကတော့ သွားရင်းလာရင်း နေ့တိုင်းမြင်နေကျဆိုတော့ မောင်းရတာအဆင်ပြေလောက်ပါတယ် "

My Bad Husband Where stories live. Discover now