အခန်း ( ၂၀)

150K 8.2K 1K
                                    


" ဖေ... ဖေ "

လေးလေးပင်ပင်နှင့်ထွက်လာသောခေါ်သံမှာ မပီမသလေးဖြစ်၏။ သမီးနှင့်သားမှာ သားငယ်က အဆော့အစားပိုမက်ကာ သမီးလေးကတော့ အစားတလိုင်းဖြစ်ဖြစ်၏။

တရွေ့ရွေ့ကုန်ဆုံးလာသောအချိန်တွေတွင် နှိုင်းတုမဏိအရာအားလုံးကို ဒဏ်ခံနိုင်လောက်အောင်အထိသန်မာနေခဲ့ပြီဖြစ်သည်။

မိမိဟာ ယောကျာ်းတစ်ယောက်ဖြစ်တာကြောင့် ပတ်ဝန်းကျင်တွင်သမီးနှင့်သား အပြောခံရမည်ဆိုးသော်လည်း မိန်းမသားအဖြစ်နေထိုင်ပြီး ကလေးတွေတွင် အဖေခေါ်စရာလူမရှိသည်က ပို၍အဆင်မပြေဖြစ်မှာပင်။

ထို့ကြောင့် အချိန်ကောင်းကိုစောင့်၍ သူအရာအားလုံးကိုဖွင့်ပြောတော့မှာဖြစ်သည် ။

ကလေးတွေတစ်နှစ်မပြည့်ခင်ရောက်တာနဲ့ မဏိနို့ဖြတ်ရန်ပြင်ဆင်ရတော့သည်။ ကလေးတွေထွားသလောက်မဏိမှာတော့ပိန်ကပ်ကပ်​လေးသာကျန်နေတော့သည်။

ထမင်းစားချေလို့အစာစတင်ကြွေးရင်း နို့ဖြတ်ရန်အတွက် နို့စို့တိုင်း နို့သီးခေါင်းလေးတွေအား ခါးသည့်အရာတစ်ခုခုသုတ်လိမ်းထားရသည်။

လမ်းလျှောက်သင်စမို့ကလေးတွေမှာ ဆွဲရ ထိန်းရနှင့်ပို၍ ဂရုစိုက်ရလေသည်။

" အဒေါ် သားလေးကအရင်လမ်းလျှောက်တက်မလားသိဘူးရယ် "

ဂျိုင်းကြားမှထိန်းကိုင်ပေးရင် နောက်တစ်လှမ်း လှမ်းရန်ဆန္ဒစောနေသော သားငယ်ကိုကြည့်ကာမဏိပြုံးရင်းပြောလိုက်သည်။

" ဟုတ်ပါ့တော် ဧက လေးကပိုသွက်တယ် ။ ဧကရီ​လေးက စားမယ်ဆိုတာချည်းပဲ "

" ဟုတ်တယ် အဒေါ်ရယ် ။ နို့ကခါးတာတောင် မျက်နှာလေးမဲ့ပြီးဆက်စို့တာရယ် "

ထိုအကြောင်းပြောနေစဥ်နောက်မှရောက်နေသော သောတလှိုင်းမှရှက်ဝဲဝဲဖြင့်ချောင်းဟန့်၏။

နှိုင်းတုမဏိ၏ပုံစံမှာ ပျိုရွယ်လို့ ကပိုကရိုကျနေတဲ့ဆံနွယ်နက်နက်လေးနှင့်တွဲဖက်ကြည့်ပါလျှင် ကလေးနှစ်ယောက် မွေးထားသည်ဆိုတာ ယုံနိုင်ဖွယ်မရှိ ။

My Bad Husband Where stories live. Discover now