အခန်း ( ၄၁)

86.6K 5.8K 322
                                    

မဏိအတွက်ကတော့ ဒေါ်ဒေဝီနှင့် လွမ်းအဂ္ဂညိုကြားနေရသည်မှာအတော့်ကို ပြာယာခတ်ရသည်။

ကလေးနှစ်ယောက်အားဒေါ်ဒေဝီမှာရရင်ရသလို ခေါ်ထား၏။ လွမ်းအဂ္ဂညိုကလည်း နည်းနည်းလေးတောင်အချိန်ပိုမပေးပဲ အချိန်စေ့တာနှင့်အရောက်သွားခေါ်တက်သည်။

မြင့်မြတ်သူ၏ ခပ်ငြိမ့်ငြိမ့်မောင်းနှင်မှုနှင့်အတူကားမှာခပ်ငြိမ်ငြိမ်လေးလမ်းမထက်ပြေးဆွဲနေလေသည်။

ကောင်းကင်ပြာရှိခပ်မို့မို့တိမ်စိုင်တွေအားငေးမောလို့နှိုင်းတုမဏိ၏ သွင်ပြင်သဏ္ဍာန်မှာ သိပ်ကိုအေးချမ်းဖွယ်။

'' အကိုအဂ္ဂ စကားကိုနည်းနည်းလေးထိန်းပြောပေးနော် ။ မယ်မယ်ကြီးအခုတလောသွေးတွေတိုးနေလို့ ''

မလိုက်နဲ့ပြောလည်းမရ ၊ ရောက်ရင်လည်းနှစ်ယောက်သား စကားနိုင်လုကာမပြောကြတဲ့စကားမရှိချေ။

ကြားကမဏိမှာမျက်နှာငယ်လေးဖြင့်ဘယ်ဘက်ပါလို့ ပါရမှန်းလည်းမသိ။

'' အဲ့တာက မင်းဘွားတော် အနေအထိုင်ပေါ်မူတည်တယ် ။ မင်းကိုခဏခဏဆူနေတာကို ကိုယ်မကြိုက်ဘူး ''

'' သူက စိတ်ပူလို့ပါ အကိုအဂ္ဂရဲ့ ''

လွမ်းအဂ္ဂညိုထိုသို့ပြောတိုင်း နှိုင်းတုမဏိ၏အဖြေမှာဤသို့အတိုင်းသာဖြစ်သည်။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့မျက်လုံးချင်းဆုံခိုက်ဝယ် လွမ်းအဂ္ဂညို နှိုင်းတုမဏိ၏ နှာတံလေးအားအသာဆွဲလို့ ရယ်သည်။

'' အဲ့တာဆို မင်းဘွားတော် ကိုယ့်ကိုမှိုချိုးမျှစ်ချိုး ပြောနေချိန်တွေဆို မင်းဘယ်လို ခံစားရလဲ ''

  '' အဲ့တာက... ကလေးတွေရှေ့မို့ ''

'' ကောင်လေးတစ်ယောက်ကတော့ ညာနေပြန်ပါပြီ ''

လွမ်းအဂ္ဂညို၏လက်ဖဝါးတွေကြားဆုပ်ကိုင်ခံထားရသောနှိုင်းတုမဏိ၏လက်ဖျားလေးတွေမှာမသိမသာတုန်ယင်နေသည်။

မယ်မယ်ကြီး၏အပြောအဆိုတွေအားတော်ရုံလူမျက်ရည်မကျပဲမခံနိုင်ချေ။အဲ့သည့်လောက်ကိုလည်းကြမ်းတမ်းသည်မို့ အကိုအဂ္ဂအားလက်ညှိုးငေါက်ငေါက်ထိုးလို့ပြောဆိုနေချိန်ဆို မခံချင်လေးမှာပေါက်ဖွားလာတက်စမြဲ။

My Bad Husband Where stories live. Discover now