အခန်း ( ၁၄)

144K 8.9K 1.4K
                                    

  နောက်ကျလေသောအသိတရားတွေအတွက်သူ့မှာနာကျင်ရုံအပြင်မရှိ။ နေ့စဥ်ရက်ဆက် ဒေါ်ဒေဝီ၏အိမ်တော်ရှေ့ ကင်းလှည့်ခဲ့ပေမဲ့ မဏိ၏ သေးငယ်သည့်အရိပ်လေးပင်မမြင်ရခဲ့ချေ ။

လက်ထဲမှ ဖလင်ပြားလေးအား ကိုင်ထားရင်း ရတနာတစ်ခုလို ခဏခဏတယုတယထုတ်ကြည့်နေမိသည် ။

   "  အကိုလေးအဂ္ဂ ပြန်ပါတော့ဗျာ လူမြင်လို့လဲမကောင်းဘူး  " 

အိမ်တော်၏ တံခါးစောင့်ကောင်ငယ်လေးမှာ ခပ်တိုးတိုးသာပြောရင်းအဂ္ဂ အား တောင်းပန်တိုးလျှိုးစွာကြည့်နေခဲ့သည်  ။ 

    "  မဏိကို တွေ့ချင်တယ်  " 

လွမ်းအဂ္ဂညို၏ အသံမှာ အနည်းငယ်အက်ကွဲလို့ခြောက်သွေ့နေသည် ။  သူ၏ပုံစံမှာနွမ်းနယ်မှုအထင်းသား။ အရင်လိုမောက်မာဟန်တွေမှာ အရောင်မှိန်နေလေသည်။

   "  တကယ်တော့....ဟို    မဏိက ကိုဝဏ္ဏကျော်စွာနဲ့ ဆေးရုံကိုထွက်သွားတယ်ရယ်  "  

    "  ဘာ   !   " 

လွမ်းအဂ္ဂညို ၏မျက်နှာကြောမှာတင်းသွားလို့ မည်းမှောင်သွား၏။ အံကိုတင်းတင်းကြိတ်ဝါးထားခြင်းကြောင့် မေးနှင့် နားထင်ရှိအကြောတွေမှာ ထင်းထွက်နေလေသည် ။

    "  ဘယ် ဆေးရုံလဲ  " 

"  ကျွန်တော်...မသိ  "

ဝုန်း   !  

နောက်သို့လှည့်ရင်း ကားမှန်အားလက်သီးပြင်းပြင်းတစ်ချက်ထိုးလိုက်တဲ့အခါခြံစောင့်ကောင်လေးမှာ အနည်းငယ်တွန့်ဆုတ်သွားလေသည်။

ကားမှန်မှာ ပင့်ကူအိမ်ရာတွေပါထင်လို့ လွမ်းအဂ္ဂညို ၏  လက်ဆစ်တွင်လည်း ပေါက်ပြဲသွားပေမဲ့ နာကျင်နေမှုကိုတောင်သတိမပြုမိဟန်ရှိမနေချေ ။ 

ဆေးရုံလိပ်စာကိုသိတာနှင့် ကားအားခပ်ကြမ်းကြမ်းမောင်းနှင်ရင်း အနက်ရောင်ကားလေးကတော့ လမ်းမထက်အရှိန်ပြင်းပြင်းဖြင့်ပြေးထွက်သွားပြီဖြစ်သည်  ။ 

                        ×  ×  × 

"  ဒီကြားထဲတော့ ဂရုစိုက်ရမယ်နော် ခွဲမွေးရမှာဆိုတော့ ရိုးရိုးမွေးတဲ့လူတွေလို ကလေးထွားလို့ မွေးဖွားရခက်မှာလဲစိတ်မပူရဘူးလေ အဲ့တာကြောင့်မို့အားရှိတာလေးများများစား ရမယ် "

My Bad Husband Where stories live. Discover now