အခန်း (၃၃)

101K 6.8K 546
                                    


အိမ်ထဲအတူတူဝင်လာတဲ့ ကလေးနှစ်ယောက်ပွေ့ချီထားတဲ့ မဏိနဲ့ဝဏ္ဏကျော်စွာကြောင့် လွမ်းအဂ္ဂညို၏ မျက်နှာမှောင်ကုတ်နေ၏။

မသိလျှင် တစ်အိုးတစ်အိမ်ထောင်ထူထောင်ထားသည့် မိသားစုလေးအတိုင်း။

ဝှီးလ်ချဲလက်ရမ်းအားတင်း​ကြပ်စွာကိုင်ထားသည့်လွမ်းအဂ္ဂညို၏ လက်အားကြောင့် ထိုလက်ရမ်းမှာ ကျိုးကြေလုနီးပါးပင် ။

    "  ဖေကြီး  . . . "

လွမ်းဧကညိုလေးမှာ မျက်ရည်အဝိုင်းသားဖြစ်နေတာကြောင့် နှိုင်းတုမဏိလည်းပြာပြာသလဲဖြစ်သွားချေ၏။ 

   " လာ   ဖေကြီးဆီ   "

နှိုင်းတုမဏိလွှတ်ပေးလိုက်သည်နှင့် လွမ်းဧကညိုမှာ လွမ်းအဂ္ဂညိုထံ ပြေးဝင်သွားလေသည် ။

သားလေးအားပွေ့ချီကာ သူ၏အောက်ပိုင်းတွင်ထိုင်စေကာရင်ခွင်တွင်းထွေးပွေ့လိုက်ချေသည်။

   "  ပြော   ဖေကြီးသားလေး ဘာဖြစ်တာလဲ   " 

   "  ကျောင်းမှာ သားကိုအနိုင်ကျင့်ကြတယ်   ။  ဖေကြီးကိုလဲ လူဆိုးလို့ပြောတယ်  ... ဟင့်   " 

နှိုင်းတုမဏိနှင့်ဝဏ္ဏကျော်စွာဘေးတွင်ယှဥ်တွဲရပ်လို့ဘာစကားမှဝင်မပြောပေမဲ့ နှိုင်းတုမဏိ၏ မျက်နှာကတော့ပျက်ယွင်းနေခဲ့သည်  ။ 

    "   သားသူတို့ကို အနိုင်ပြန်ကျင့်ချင်လား "

လွမ်းဧကညိုမှာ မျက်လုံးလေးကလည်ကလည် ဖြင့်ဘာမှထပ်မပြောချေ ။

လွမ်းအဂ္ဂညို အိမ်ခြံဝအထိဝဏ္ဏကျော်စွာအားလိုက်ပို့ပေးနေသော နှိုင်းတုမဏိကိုကြည့်ကာ မျက်ဝန်းတွေမှာ အသူရာချောက်နက်နှယ်မည်းမှောင်နက်ရှိုင်းနေခဲ့သည်  ။ 

   "  ဧည့်ဝတ်သိပ်ကျေတာပဲ ။ ဟမ့် "

နှိုင်းတုမဏိဘာစကားမှခွန်းတုန့်ပြန်မတော့ပဲ ကလေးတွေ၏ကိစ္စအထွေထွေအားဦးစွာလုပ်ကိုင်လေသည် ။

   " အကိုအဂ္ဂ ကျွန်တော်ပြောစရာရှိတယ်   " 

    "  ငါအိပ်ချင်နေပြီ  "

" ... "

စောင်ကိုရင်ဝအထိဆွဲတင်ကာ မျက်စိတွေမှိတ်လိုက်သောထိုလူကြောင့် နှိုင်းတုမဏိ ဘာဆက်ပြောရမယ်မှန်းမသိတော့ချေ  ။

My Bad Husband Where stories live. Discover now