အခန်း ( ၃၂)

106K 7.2K 1.1K
                                    

ဆေးရုံဆင်းတဲ့အခါပြသနာမှစတင်၏။ လွမ်းအဂ္ဂညို ကလေးနှစ်ယောက်အားထည့်ပေးရန် ငြင်းဆန်လေသည်။

   "  ကလေးတွေက ကျွန်တော်မပါပဲအိပ်တက်တာမဟုတ်ဘူး  "

  "  ငါကလဲ ကလေးတွေကိုပြန်မထည့်ပေးနိုင်ဘူး  ။ မင်းပြောကြည့် ဘာဆက်လုပ်ကြမလဲ   " 

လွမ်းအဂ္ဂညို ဝှီးလ်ချဲပေါ်ထိုင်နေရင်း မျက်မှောင်ကြုတ်လို့ဆိုလေသည်။ သူ၏ပုံစံမှာ အလွန်ကိုတည်ငြိမ်ကာ ပုံမှန်လူတစ်ယောက်နှယ်   ။ 

   "  ခင်ဗျား ဒီလိုလုပ်လို့ မရဘူးလေ "

     "  ဘာလို့ လုပ်လို့မရ ရမှာလဲ  "

နှိုင်းတုမဏိ ဒေါသကြောင့် အနည်းငယ်လေသံတင်းမာလာလေသည်။  ထိုပုံစံမှာ အစွယ်သေးသေးလေး ကိုထုတ်ပြလို့ ကိုက်တက်ပါကြောင်းခြိမ်းခြောက်နေသည့် ကြောင်ပေါက်နေနှင့်တူသည်။

လွမ်းအဂ္ဂညို၏ နှုတ်ခမ်းထောင့်စွန်းတွေမှာမသိမသာကော့တက်သွားကာ နားထင်ထောင့်စွန်းအား လက်ညှိုးထိပ်ဖြင့် အသာကုတ်ခြစ်ရင်းဆိုလေသည်။

   "  ကလေးတွေကလဲမင်းမပါရင် မအိပ်တက်သလို ။ ငါကလဲ ကလေးတွေမရှိပဲမနေနိုင်ဘူး   ဒါဆိုရင်   မင်းလဲငါနဲ့လာအိပ်လိုက်လေ...  "

စာရွက်စာတမ်းအချို့ ကိုင်ဆောင်ရင်းအခန်းတွင်းဝင်လာတဲ့မြင့်မြတ်သူမှာ ထိုစကားအားကြားမိတာနှင့် အလျင်အမြန်ပြန်ပြေးထွက်ကာ နားနှစ်ဖ​က်အားအုပ်ထားလိုက်မိသည်  ။

  "  ပေါက်ကရတွေ  မပြောပါနဲ့ အကိုအဂ္ဂ ။ ခင်ဗျားက စည်းကမ်းကိုမရှိဘူး  " 

   "  အိပ်ဖို့ကိစ္စမှာ ဘာစည်းကမ်းလိုနေအုံးမှာလဲ   " 

လွမ်းအဂ္ဂညို၏ အစီစဥ်မှာလွန်စွာခိုင်မာလေသည်။  အငြင်းအခုန်ပြုနေကြသည်မှာ အချိန်အတော်ကြာပင် ။

နောက်ဆုံးမှာတော့ တစ်အိမ်တည်းစုနေကြဖို့သာ ဆုံးဖြတ်ချက်ချလိုက်ကြရသည်။ 

မြင့်မြတ်သူ၏ ထင်သားပဲ ဟူသောအကြည့်တွေကြောင့် နှိုင်းတုမဏိ၏မျက်နှာမှာရှက်ဝဲဝဲလေးဖြစ်သွားလေသည်  ။ 

My Bad Husband Where stories live. Discover now