အခန်း ( ၄၂)

87.5K 6.2K 924
                                    


ထိုနေ့ညကတည်းကဆေးရုံသို့သွားပြခဲ့ကာ ဆရာဝန်နှင့်လွမ်းအဂ္ဂညိုမှာ နှိုင်းတုမဏိနားမလည်သော ဘာသာဖြင့်အချိန်အတော်ကြာထိစကားတွေပြောနေခဲ့သည်။

  '' ဘာတွေပြောနေကြတာလဲ ဟင် ''

အပြင်ရောက်တာနှင့်နှိုင်းတုမဏိမှာသိချင်စိတ်ကိုမအောင့်နိုင်တော့ပဲ လွမ်းအဂ္ဂညိုအား မေးလေသည်။

လွမ်းအဂ္ဂညို နှိုင်းတုမဏိ၏နဖူးသေးသေးလေးအားလက်ညှိုးဖြင့်ခပ်ဖွဖွလေးတောက်လိုက်တဲ့အခါ နှိုင်းတုမဏိထံမှ 'အင့် ' ခနဲအသံလေးထွက်လာချေသည်။

'' ကိုယ် ဒေါက်တာ့ကိုမေးနေတာ ''

'' အွန်း... ''

'' ကိုယ့်အောက်ပိုင်းက သိလာပြီလေ အဲ့တော့ လုပ်လို့ရပြီလား ဆိုပြီး ''

နှိုင်းတုမဏိ နဖူးအားပွတ်သပ်နေခြင်းမှာခဏတာမျှရပ်တန့်သွားကာ တဖြေးဖြေးချင်းနားရွက်တွေမှစတင်နီရဲလာချေသည်။

'' ဆရာဝန်က ပြောတယ် လုပ်နိုင်ရင်လုပ်တဲ့... ပါတနာကိုတော့ စိတ်မပျက်စေနဲ့ဆိုပြီးလည်း ကိုယ့်ကိုမှာလိုက်သေးတယ် ''

'' အကိုအဂ္ဂ ခင်ဗျားတော့လား! ''

နှိုင်းတုမဏိ လက်ညှိုးထိုးလို့ ထိုမျှသာပြောနိုင်ခဲ့သည်။ ပခုံးတွေလှုပ်သည်အထိရယ်မောနေသောလူအား သူကုတ်ပစ်လိုက်ချင်သည်။

'' ကိုယ်မရောက်ဖြစ်တဲ့ တွင်းဟောင်းလေးကို လွမ်းနေတာ ''

'' ဘာ...ဘာတွင်း.. ''

'' အဖြူရောင်မေတ္တာတွေ သိမ်းဆည်းတဲ့တွင်းနီနိလေးပေါ့ !''

'' ....."

နှိုင်းတုမဏိ ခြေတွေပင်မခိုင်ချက်တော့ချေ ။ ရှက်စိတ်၏ပူပြင်းမှုကြောင့်သူ့အရိုးတွေပါပျော့ကုန်သလားပင်မှတ်ရသည်။

နှိုင်းတုမဏိအနေနဲ့အေးချမ်းစွာပင်ဘဝကိုဖြတ်ကျော်ခဲ့တဲ့လူမို့ တစ်စုံတစ်ယောက်အားတုန့်ပြန်ရန်စကားတွေမှာပေါပေါသီသီမရှိသလို နေ့စဥ်ဓူဝကြားနေရသောစကားတွေမှာလည်း စည်းဘောင်အတွင်းမှစကားတွေသာဖြစ်သည်။

လွမ်းအဂ္ဂညို၏ စည်းလွတ်ဘောင်လွတ်စကားတွေမှာ သူ့အား ရေငွေ့ဖြင့်တအိအိပေါင်းသောပေါက်စီတစ်လုံးလိုခံစားရစေသည်။

My Bad Husband Where stories live. Discover now