အခန်း(၃)

157K 9.6K 1.1K
                                    

ရူးနှမ်းလေသောစိတ်နှလုံးသာ။ ပင်မြင့်ထက်ကပန်းဆိုသော်လည်း အထီးကျန်ခြင်းများစွာနှင့် မိမိနှင့်ကင်းကွာနေသောပျော်ရွှင်မှုတွေအား ငုံ့မိုးကြည့်နေရသူမှာ သူသာ ။

မစန္ဒာမှာ သူ၏ဘေးမှ လူငယ်လေးအားကြည့်လို့ သက်ပြင်းချကာ ပြတင်းပေါက်ဘက်မျက်နှာမူလို့ဆေးလိပ်ဖွာနေသော သားဖြစ်သူအား ဒေါသသာ ထွက်မိတော့သည်။

" အဂ္ဂ ဒီကလေးကို အိမ်ပြန်ပို့ပေးလိုက် ။ သူများသားသမီးကိုဒုက္ခတွေမပေးပါနဲ့ ကောင်လေးရယ် "

မစန္ဒာကြည့်ရုံနှင့် ထိုကလေး၏ နုနယ်မှုအားမြင်တွေ့နိုင်သည်။ ချစ်စဖွယ်ရုပ်က​လေးနှင့် မြင်သူအဖို့ စိတ်ချမ်းသာဖွယ်ရာလေးဖြစ်၏။

မိမိသားမှာ တုံးပေကပ်သပ်နှင့် အကြမ်းပတမ်းဆန်သော်လည်း ချစ်သူရပြီးကတည်းက နူးနူးညံ့ညံ့လေးဖြစ်သွားသည်မှာမကြာလှသေးချေ။

ဟိုတနေ့က အဖြစ်အပျက်ပြီးကတည်းကစိတ်ဆတ်နေသော်လည်း အခုတော့ဖြင့် ယောကျာ်းပါကောက်ခိုးလာသည်တဲ့။

ဆိုးသွမ်းသောသားအားသူလည်းနားမလည်နိုင်တော့ချေ။

" မာနမိုးထိနေတဲ့ ဒေါ်ဒေဝီလိုအဖွားကြီး သူ့မြေးသာလင်နောက်လိုက်သွားတယ်ဆိုတာ သိရင် ဘယ်လိုနေမလဲသိချင်မိတယ် "

× × ×

အိပ်ခန်းထဲရောက်တဲ့အခါ ထိုကလေးမှာကျုံ့ကျုံ့သာ ။ ပိုးမွေးသလိုအမွေးခံထားရသော သူဌေးသားလေးပီသစွာ ထိုကောင်လေးမှာ နုနုရွရွရှိလှ၏။

ရုပ်ဆင်းနှင့်မညီစွာမာသောစိတ်ဓာတ်လေးကတော့လေးစားစရာ။

" တစ်ပတ်ပြည့်ရင် ငါမင်းအိမ်ကိုလိုက်အပ်ပေးမယ် "

" ကိုလွမ်းအဂ္ဂညို ကိုတောင်းဆိုပါတယ် ။ ဒီထက်ပိုပြီး...."

" ​တော်စမ်းပါ ! မင်းရဲ့အဲ့ဘွားတော်ကြောင့် ငါနဲ့ မနန္ဒာ ဝေးရတာ "

" တကယ်တော့ မမက..."

တကယ်တော့မမက ဘယ့်သူကိုမှမချစ်ခဲ့။ ရေကြည်ရာမြက်နုရာရှာနေသော သမင်မလေးတစ်ကောင်သာ ။ ပြိုင်ဆိုင်မှုတိုင်းမှာအနိုင်လိုစိတ်ပြင်းထန်လေသောမမက အနိုင်ယူလိုစိတ်နဲ့ ထိုလူ၏အချစ်ကိုရယူခဲ့ရုံသာ။

My Bad Husband Where stories live. Discover now