အခန်း ( ၂၉)

111K 7K 702
                                    

လုပ်ငန်းစတင်လည်ပတ်တာနှင့် မဏိမှာမအားလပ်တော့ချေ ။ အမြွှာလေးတွေအား  မူကြိုပို့ရန်အတွက် မနက်တိုင်းစစ်ခင်းရသေးသည်။

   " ပန်းရောင်ကြီး တားမဝတ်ချင်ဘူးရို့"

"  အဲ့တာမှ ရီရီနဲ့  ဝမ်းဆက်ဖြစ်မှာလေသားရဲ့  ...  " 

အမြဲတမ်းအဝတ်အစားဝတ်လျှင်လည်း ရန်သတ်ကြသေးသည် ။ အလိုလိုက်ခံရလွန်းတာကြောင့် အမြွှာလေးတွေမှာ မဏိကိုသာအသက်ရှိသည်ဟုထင်ကြလေသည် ။ 

   "  ကဲ  ဖေဖေဆိုင်ပြေးရအုံးမှာနော်  နောက်ကျရင်  ဖေဖေလိုက်မပို့တော့ဘူး"

အပြေးအလွှားလေးရောက်လာလို့ နှစ်ယောက်သားမှာ မျက်နှာငယ်လေးတွေဖြင့်သာ။

နှိုင်းတုမဏိကားမောင်းသင်နေဆဲမို့လောလောဆယ်အထိ ဒရိုက်ဘာဖြင့်သာကားအကြိုပို့လုပ်နေရသေးသည်။

ကလေးတွေအားမည်သူနှင့်မှစိတ်မချတာကြောင့် သူကိုယ်တိုင်သာ အပို့အကြိုတွင် လိုက်ပါပေးလေသည် ။

မူကြိုကျောင်းရှေ့ရောက်တာနှင့် အမြွှာလေးတွေအားဆရာမဆီအပ်လို့အနမ်းခြွေကာ အထဲထိရောက်တာကိုကြည့်ပြီးမှ မဏိဆိုင်ရှိရာကားမောင်းစေသည်။

   "  မဏိ  ဆိုင်မှာတစ်ခုခုဖြစ်နေတာထင်တယ်  ...  " 

နှိုင်းတုမဏိ မျက်မှောင်ကြုတ်လို့ကြည့်လိုက်စဥ်  လုံခြုံရေးတွေနှင့် လွမ်းအဂ္ဂညိုသာဖြစ်ချေသည် ။

   "  ဘာတွေဖြစ်နေကြတာလဲ  ...  "

"  မဏိ  မင်းဘာလို့  ဒီရောက်နေတာကိုမပြောရတာလဲ  ကိုယ့်မှာတော့ရှာလိုက်ရတာ  ...  " 

လွမ်းအဂ္ဂညို ခြေလှမ်းတွေရှေ့တိုးလာပေမဲ့ နှိုင်းတုမဏိ အရင်လိုနောက်ဆုတ်ခြင်းမပြု  ။ 

သန်မာသောလက်မှာ သူ့အားထိမည်ပြုတာနှင့်ပြင်းထန်စွာပုတ်ရိုက်ချလိုက်သည်။ 

   "  ဘာဆိုင်လို့ပြောရမှာလဲ  ။  ကျွန်တော့်မိဘအိမ် ကျွန်တော်ပြန်လာတာ ခင်ဗျားဆီဘာကိစ္စနဲ့ ခွင့်တောင်းနေရမှာလဲ   " 

  "  မင်း ဘာဖြစ်နေတာလဲ နှိုင်းတုမဏိ"

လွမ်းအဂ္ဂညိုမှာတည်ငြိမ်မှုတွေပျက်ပြားနေသော်လည်း ဆန့်ကျင်ဘက်ပင်နှိုင်းတုမဏိမှာတည်ငြိမ်နေ၏။

My Bad Husband Where stories live. Discover now