အခန်း (၄၀)

104K 6.5K 604
                                    


  "  သူဌေး မနက်ဖြန် ဆေးရုံ Check -Up ပြန်ရမဲ့ရက်နော် "

   "  အင်း စီစဥ်ထားလိုက်  "

ဆေးရုံသွားရမည်ဆိုတဲ့အသံကြားတာနှင့် အလုပ်ပုံထဲခေါင်းနစ်နေသော နှိုင်းတုမဏိမှာ ခေါင်းလေးထောင်လာ၏။

သေးသေးမွှားမွှားလေးတွေကြည့်ရတဲ့အခါ တပ်သည့်မျက်မှန်အဝိုင်းလေးမှာနှာဖျားထိပ်လေးအထိလျှောကျနေကာ အဖိုးကြီးပေါက်စလေးနှင့်တူသည်။

လွမ်းအဂ္ဂညိုထိုပုံစံလေးအားကြည့်ကာ ရင်ခွင်ထဲထည့်ဖက်ကာအဆုံးအစမရှိသောမွတ်သိပ်သည့်အနမ်းများပေးချင်မိသည် ။

နူးညံ့သောအရာတွေမှာ လှပကာထိန်းသိမ်းရခက်သည့်အလျောက်ပင် ကိုင်တွယ်ရသိပ်ခက်၏။

  သူ၏အလှပဂေးလေးမှာ   အဖိုးတန်ကျောက်​မြတ်ရတနာလေးလိုပင်။  ကျောက်ရိုင်းတစ်တုံးမှနေ အဖိုးတန်ကျောက်စိမ်းဖြစ်လာခဲ့သလိုမျိုး တဆင့်ချင်းမြတ်နိုးမှုတို့သည် ရင်တွင်းမှနေဒီရေလို တလိမ့်လိမ့်တက်လာခဲ့ရသည်။

   " အကိုအဂ္ဂ ဆေးသွားပြရင် ကျွန်တော်လဲလိုက်ခဲ့မယ်လေ   " 

    "  ဘာလိုက်လုပ်ချင်လို့လဲ "

"  ရလာဒ်တွေသိချင်လို့လေ  "

နှိုင်းတုမဏိ၏မျက်မှန်မှာမချွတ်ရသေးတာကြောင့် နှာရိုးနုနုလေးမှာအနည်းငယ်နာကျင်လာတာကြောင့် လက်ညှိုးလက်မသုံးကာ  ဖိညှစ်လိုက်မိသည် ။

လွမ်းအဂ္ဂညို ဝှီးချဲလ်အား ဘက်လှည့်လို့ သူ့ပေါင်ပေါ်လက်ပုတ်ပြကာ

   "  ကိုယ့်ပေါ်လာထိုင် " 

နှိုင်းတုမဏိ နားမလည်သလိုဟန်ဖြင့် မျက်ဝန်ပြာလေးတွေ မှာအနည်းငယ်ဝိုင်းစက်သွားချေသည် ။

" အို့...  ဘုရာ့! "

လွမ်းအဂ္ဂညိုစိတ်မရှည်ဟန်ဖြင့် လက်ကောက်ဝတ်အားဆွဲကာ ပေါင်ပေါ်ထိုင်စေကာ မျက်မှန်အားဆွဲချွတ်လို့နှာတံဖြောင့်ဖြောင့်အား နှိပ်နယ်ပေးလေသည်   ။

အားအသင့်တင့်ဖြင့်နှိပ်နယ်မှုကြောင့် နှာရိုးလေးမှာ ကိုက်ခဲမှုသက်သာလာကာ ခံစားချက်လေးမှာကောင်းမွန်တာကြောင့်နှိုင်းတုမဏိ ငိုက်မြည်းလုနီးပါပင်  ။

My Bad Husband Où les histoires vivent. Découvrez maintenant