အခန်း ( ၁၉)

124K 7.3K 833
                                    


နံနက်ခင်း၏နေရောင်ခြည်မှာ နွေးနွေးထွေးထွေးဖြာဝဲကျနေ၏။ ခြံဝန်းတွင်းမှ ခုံတန်းရှည်ထက်ဝယ် နေပူစာလှုံနေသော ဗိုက်ပူလေးမှာ ထွေးပွေ့ဖက်တွယ်ထားချင်စရာအတိ ။

    " သောတလှိုင်း အဲ့မှာမတ်တပ်သေနေတာလားဟဲ့ ။ နှိုင်းငယ်ကို သွားခေါ်ပါဆိုနေ  " 

   "  အမေက ဗျာ  ... ဇွတ်ကိုမှပဲ "

သောတ၏မျက်နှာမှာနီမြန်းသွားခဲ့သည်။ မျက်ဝန်းပြာလေးနဲ့ လှည့်ကြည့်လာစဥ် ထင်ကျန်ရစ်နေသောအဆွေးဓာတ်လေးတွေကိုလည်းသူမြင်တွေ့လိုက်ရသည် ။

    " နှိုင်းငယ်  အမေက ဆေးခန်းသွားပြမယ်တဲ့  "

  "  ကိုယ်ဝန်အတွက်ဆိုလိုနေသေးတယ် ကိုသောတ နောက်တစ်ပတ်မှရယ်  "

ပိုက်ဆံအိတ်ဂျိုင်းကြားညှပ်ရင်း ဒေါ်မျိုးမြင့်မှာ လှုပ်လှုပ် , လှုပ်လှုပ်ဖြင့် အနားရောက်လာရင်း မဏိအားခပ်စောင်းစောင်းကြည့်လေသည်။

   " စောစောပြလေပိုကောင်းလေပေါ့။ မွေးလကနီးနေပြီ  ဂရုစိုက်ရမယ်လေ ။ ခြေလက်တွေရောင်တာမကျသေးပဲ သွားဖုံးတွေထပ်ရောင်နေတယ်ဆို  "

   " ဆေးလူးထားတာသက်သာသွားမှာပါ  ။   ဆေးဖိုးက "

  "  အမလေး ငါ့မှာခိုင်းစားဖို့သားတစ်ယောက်လုံးရှိတယ်   ပိုက်ဆံကိုစိတ်ပူမနေနဲ့   " 

ဘေးမှနားထောင်နေသော သောတလှိုင်းမှာ မိခင်လုပ်သူ၏စကားကြောင့်ရင်ဘက်ပင်အောင့်သွားရ၏။

နှိုင်းတုမဏိ မှာ ဆံပင်တွေရှည်လာပြီး ကိုယ်ဝန်ရှိန်ကြောင့်မျက်နှာလေးမှာဖောင်းဖောင်းပြည့်ပြည့်လေးဖြစ်နေလေသည် ။

အမျိုးသမီးဝတ်တွေဘယ်တော့မှမဝတ်တဲ့ ထိုဗိုက်ပူလေးမှာ ချစ်စရာကောင်းဝလောက် ယောကျာ်းလေးဆန်၏။

   "  ကိုသောတကို ဒီကိစ္စပြောဖို့လိုလားဟင် အဒေါ်   " 

ဆိုက်ကားမှာလှုပ်စိစိနှင့် လူတစ်ကိုယ်လုံးယိမ်းယိုင်နေ၏။

   " မပြောနဲ့  ဘယ်သူ့ကိုမှမပြောနဲ့အုံး ဒီအတိုင်းပဲနေအုံး နှိုင်းငယ် ။ ရှေ့လျောက်ကလေးတွေရဲ့ အနာဂတ်ကရှိသေးတယ် ပတ်ဝန်းကျင်ဆိုတာကို နှိုင်းငယ်သေချာမကြုံဖူးသေးပါဘူး "

My Bad Husband Where stories live. Discover now