အခန်း (၉)

135K 8.6K 2.1K
                                    


ပထမတစ်ရက်နေ့မှစလို့ လွမ်းအဂ္ဂညို ဒေါ်စန္ဒာ နှင့်သာပြန်လိုက်နေခဲ့သည်။စီးကရက်တစ်လိပ်ကိုရိူက်ဖွာရင်း ရင်တွင်းမှဖြစ်ပေါ်နေသော ခံစားချက်အစုံကို အဝေးဆီမှုတ်ထုတ်ပစ်လိုက်သည်။

ရင်ဘက်ထဲရှိအစိုင်အခဲတစ်ခုမှာ ဘယ်တော့မှပပျောက်မသွားဟန်နှင့်တွယ်ညှိလို့နေသည် ။

လှပသောမျက်ဝန်းပြာလေးတွေ အတွေးထဲဝင်ရောက်လာတဲ့အခါ စုန်ချည်ဆန်ချည် ဖြစ်သွားလေသောရင်ဘက်ကြောင့် အဆုတ်ထဲထိ ဆေးလိပ်ငွေ့တွေကိုရူရိူက်လိုက်မိသည် ။

" ကောင်လေး ထမင်းစားမယ် "

သုံးထပ်တိုက်၏ အမြင့်ဆုံးအထပ်မှ လသာဆောင်မှ အဝေးသို့ငေးကြည့်နေသော လွမ်းအဂ္ဂညိုက သူချုပ်နှောင်ထားသော ငှက်ကလေးတစ်ကောင်လွတ်သွားသည်ကို နှမြောတသဟန်ရှိလေသော လှောင်ချိုင့်လေးနဲ့တူနေသည်။

" လာပြီ အမေ "

ခပ်အက်အက်အသံနှင့် အထူးသံပြုရင်း ဓာတ်လှေကားမှဆင်းတဲ့အခါ မှန်မှမြင်နေရသော သူ၏ပုံစံမှာခပ်နွမ်းနွမ်းဖြစ်နေ၏။

ခန်းပြင်ကျယ်ထမင်းစားခန်းမှာ တလက်လက်တောက်ပလို့ ယနေ့ဟင်းလျာမှာပင်လယ်စာတွေချည်းဖြစ်သည် ။

" ငါးထည့်စားလေ ကောင်လေး "

ဒေါ်စန္ဒာ ပြောလိုက်ပြီး သူ့ထမင်းသာသူငုံ့စားနေ၏။ အရွယ်စုံသောငါးဟင်းမျိုးစုံကိုကြည့်လို့ လွမ်းအဂ္ဂညို အလိုမကျစွာ မျက်ခုံးတွေတွန့်သွားသည် ။


လွန်ခဲ့သောရက်တွေမှာ ထမင်းစားပွဲမှာငါးတွေမြင်တာနှင့် လွမ်းအဂ္ဂညို ထပြန်တက်သည် ။ လက်ကောက်ဝတ်မှဆွဲလို့ ပြန်ထိုင်စေကာ အရိုးတမျှင်မကျန်ပါစေပဲ တယုတယ နွှာထွင်ကျွေးမဲ့သူမရှိတဲ့အခါ ငါးဟင်းဆိုတာ ဓားတွေစိုက်ထားသော အသားတုံးနှင့်တူလေသည်။

" အကိုအဂ္ဂ အလိုမကျတာရှိရင်ပြောပါ ။ စိတ်လိုက်မာန်ပါတွေလျှောက်မလုပ်ပါနဲ့ "

မမာမပျော့ထိုအသံလေးနားထဲဝင်ရောက်လာတဲ့အခါ ကိုင်ထားတဲ့ ဇွန်း ခရင်းအားပစ်ချလို့ စိတ်မပါစွာ ထိုင်ခုံနောက်ကျောကိုသာမှီလိုက်သည်။

My Bad Husband Where stories live. Discover now