အခန်း ( ၁၆)

127K 7.9K 1.7K
                                    


နှိုင်းတုမဏိမှာ အစာအိမ်ပါ အထက်အောက်လှန်မတက်အန်ပြီးသည်နှင့် လူမှာပို၍ ပို၍ဖြူ​ဖျော့သွားခဲ့သည် ။

   "  ဆေးတွေ ခဏနေပါအုံး ။ သားထပ်အန်ချင်နေသေးတယ်  "

" ဆေးတွေကြောင့် ဒီလောက်တောင့်ခံနိုင်တာလေ  ခဏနေပြီးတာနဲ့ သောက်လိုက်တော့    ...  "

တိုင်းရင်းဆေး၏ ဆိုးကျိုးမှာ အနံ့အသက်ပင်ဖြစ်ချေသည် ။ စူးရွားလွန်းသောအနံ့အသက်တွေက မဏိအတွက် ခြောက်ခြားစရာပင်ကောင်းလွန်းလှသည် ။

မယ်မယ်ကြီး၏ အမိန့်တွေကြောင့်မလွန်ဆန်နိုင်လို့သောက်ပြီးတိုင်း လည်ချောင်းတစ်ဝက်ရောက်တာနှင့် အနံ့တွေကြောင့် အန်ထုတ်ရစမြဲပင်။

    " မဏိလေး   စားလိုက်အုံးနော်  "

ကြွေပန်းချပ်ထဲ နီနီရဲရဲအသီးလေးတွေမှာ ရေစင်အောင်ဆေးကြောထားတာကြောင့် လတ်ဆတ်ကာ သန့်ရှင်းနေ၏။

   " ဘကြီးကို ဒေါ်ဒေါ်သွားထပ်ဝယ်ခိုင်းထားတာပါ   ...  မယ်မယ်ကြီးမမြင်ခင်သွက်သွက်လေးစားလိုက်နော်  " 

အာလုတ်ကျင်းပြီးတာနှင့် စတော်ဘယ်ရီသီးလေးအားအညှာမှကိုင်လို့ သွားဖြင့်ဖိကိုက်လိုက်တာနှင့် ချိုချဥ်လတ်ဆတ်သောအရသာလေးမှာ ခံတွင်းထဲပျော်မွေ့စွာပင်။

အချိန်တိုတွင်းမှာပင် စတော်ဘယ်ရီသီးတစ်ကန်းကန်မှာ ကုန်စင်သွားခဲ့သည်။ ဝမ်းဗိုက်မှာလည်းအတန်သင့်လက်ခံ၏။

အသီးရှိန်ကြောင့် နှိုင်းတုမဏိ၏ နှုတ်ခမ်းပါး​လေးတွေမှာနီရဲလို့နေသည်။

   "  မဏိ  ...   ဒေါ်ဒေါ်သားကိုတစ်ခုလောက်ပြောချင်လို့ရယ်  "

   "  ပြောလေ  ဒေါ်ဒေါ်ရဲ့   "

" မောင်ဝဏ္ဏကျော်စွာက သားနဲ့လက်ထပ်ဖို့  မယ်မယ်ကြီးဆီ ခွင့်တောင်းနေသံကြားတယ် "

နှိုင်းတုမဏိမှာ ဝမ်းဗိုက်ဆီလက်ဖဝါးတင်ရင်း အဝေးသို့ငေးကြည့်နေ၏။ အတိတ်တွေမှာ ကျကွဲသွားသောဖန်ပုလင်းလေးနဲ့တူ၏။

အက်ကွဲရာအထင်းသားတွေနှင့် ။ လွှတ်ချလိုက်လျှင် အစိပ်စိပ်အမွှာမွှာကွဲလို့ ဖမ်းဆုပ်လိုက်လျှင်လည်း နာကျင်ရမည်ဖြစ်သည် ။

My Bad Husband Where stories live. Discover now