အခန်း ( ၃၅)

113K 7K 1.1K
                                    

ကလေးနှစ်ယောက်စလုံးအိပ်မောကျသွားကာမှ နှိုင်းတုမဏိ ကုတင်ထက်ကထရလေသည် ။

လွမ်းအဂ္ဂညိုကတော့ကုတင်ခေါင်းရင်းအားကျောမှီကာ မျက်လုံးတွေမှိတ်ချထားကာ သက်သောင့်သက်သာမရှိသည့်ပုံပေါ်နေ၏။ 

   "  အကိုအဂ္ဂ ... အကိုအဂ္ဂ "

ပခုံးစွန်းလေးအားလှုပ်နှိုးလိုက်တဲ့အခါ နီရဲနေတဲ့မျက်ဝန်းတစ်စုံမှာပွင့်ဟလာလို့ နှိုင်းတုမဏိထံ ရီရီဝေစိုက်ကြည့်နေခဲ့သည် ။

   "  လှဲအိပ်မလား  ။  ခင်ဗျားဒီလိုနေ နေတာကြာနေပြီ   "

  "  အင်း   ကိုယ့်ကျောတွေတောင့်နေပြီ"

နှိုင်းတုမဏိစိတ်ထဲ ထိုစကားကြောင့်အနည်းငယ် စိတ်မသက်မသာဖြစ်သွားရကာ အပြစ်မကင်းသည့်ခံစားချက်တွေ​မှာ နှလုံးအိမ်ထဲ ပြည့်နှက်လာခဲ့သည်။ 

ထိုလူအားသေချာပွေ့ထိန်းကာ ကုတင်ထက်သေချာစွာလှဲလျောင်းစေရင်း စောင်အား ခြေရင်းပိုင်းမှစ ရင်ဘက်ထိခြုံစေလိုက်သည် ။ 

   "  ညနေစာ  ငါးထမင်းနယ်ပေးမယ်လေ  စားချင်လား   ။ ညဆေးလဲသောက်ရအုံးမှာကို  "

  " မင်း အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်ပါ   ။  ကိုယ်ကအဆင်ပြေတယ် "

အသံမပြုပဲ အိပ်ခန်းအတွင်းမှ တရွေ့ရွေ့ထွက်ခွာသွားသောကျောပြင်ငယ်လေးအားကြည့်လို့ လွမ်းအဂ္ဂညို သက်ပြင်းတစ်ချက်ချကာ ချွေးစေးတွေအားတိတ်တဆိတ်သုတ်လိုက်မိသည် ။

အိပ်မက်ဆိုး   . . .

သိပ်ကိုဆိုးရွားလွန်းလှသည် ။  အစွန်းတစ်နေရာတွင် ရပ်နေသောထိုကောင်လေးမှာမည်းမှောင်နက်ရှိုင်းသော ချောက်နက်ထဲသို့တရှိန်ထိုးခုန်ဆင်းသွားသည့်မြင်ကွင်းမှာ သူ၏ အသက်ရူသံတွေကိုပင် ပရမ်းပတာ ဖြစ်စေ၏။

ဒီရက်တွေမှာ   သူအိပ်ဖို့ပင် ကြောက်ရွံနေခဲ့သည် ။

ဒီကောင်လေးထွက်ပြေးသွားရင်  ဟိုအရင်လို  သူလိုက်မရှာနိုင်တော့ချေ ။ ပူပန်မှုကြောင့် သူ၏အိပ်စက်ချိန်တွေမှာမမှန်တော့ပဲ ဒဏ်ရာအခြေနေက ကောင်းမွန်ခြင်းမရှိပေ ။

My Bad Husband Where stories live. Discover now