အခန်း (၄၄)

65.5K 5.3K 393
                                    

ရင်ခွင်ထဲခပ်ကွေးကွေးတိုးဝှေ့နေတဲ့အနွေးဓာတ်လေး​ကြောင့် မနက်ခင်းဟာကျက်သရေဖြာဝေနေ၏။

နဖူးသေးသေးရှိဆံပင်တွေအားနေးဖျားဖြင့်ပွတ်သပ်လိုက်တဲ့အခါခပ်အိအိအထိအတွေ့လေးကနှလုံးသား၏အောက်ခြေအထိယားယံစေသည်။

ခေါင်းငုံ့လို့နှုတ်ခမ်းပါးလေးတွေဆီမထိတထိနမ်းရိူက်တဲ့အခါတဆက်ဆက်တုန်ယင်နေတဲ့မျက်ခွံတွေကြောင့်လွမ်းအဂ္ဂညိုရယ်မောလိုက်မိသည်။

   '' သိပ်ကြိုက်နေတဲ့ပုံပဲ... မင်းဒီလိုတွေဆက်လုပ်နေရင် ကိုယ့်မနက်စာကို အိပ်ရာထဲမှာပဲစားလိုက်တော့မယ် ''

နှိုင်းတုမဏိ၏ပခုံးစွန်း​လေးတွေသိမ့်ခနဲတုန်လို့ဖက်ထားသောလွမ်းအဂ္ဂညို၏ကျောပြင်အားကုတ်ခြစ်လိုက်သည်။

မျက်တောင်ရှည်တွေအထက်သို့ကော့ထက်သွားတဲ့အခါ မျက်ဝန်းပြာလေးမှာလစ်ခနဲ ။

   ''  ကျွန်တော်က နာနေတုန်းပဲ  ...''

'' ညက မင်းကပိုကဲတာပါကွာ ''

နှိုင်းတုမဏိ၏မျက်နှာတပြင်လုံးရဲခနဲဖြစ်ကာ ၊ လွမ်းအဂ္ဂညို၏ရင်ခွင်ထဲမျက်နှာဖွက်လိုက်ချေသည်။

ချိုမြိန်မှုမှဆင်းသက်သောရယ်သံလွင်လွင်ဟာနှလုံးသားတွင်းမှဖြစ်တည်ကာနှုတ်မှသြရှစွာထွက်ပေါ်လာခဲ့သည်။

သူ၏နားနှင့်ကပ်နေသော ရင်ခုန်သံအားနားဆင်ရသည်မှာ စမ်းချောင်းလေးမှရေအေးမှာတသွင်သွင်စီးဆင်းသလိုမျိုး၊ စိမ်းစိုတဲ့တောအုပ်အလယ်ငှက်ကလေးတေးသီကြူးသလိုမျိုးနှိုင်းတုမဏိအတွက်တော့အင်မတန်ကဗျာဆန်လွန်းလှသည်။

ဒီလူကို သူဘယ်လောက်ချစ်လိုက်ရသလဲ။ သွေးကြောမျှင်တစ်မျှင်ချင်းဆီတိုင်းမှာမေတ္တာစိတ်တွေတိုးဝင်နေသလိုမျိုး ၊ စက္ကန့်တိုင်းမှာ ထိုလူ၏မျက်နှာအမူယာကိုအလွတ်ကျတ်မှတ်နေမိတာမျိုး ။

အချစ်ဟာဆေးခါးခါးဆို ကိုကိုကတော့သူမပပျောက်စေချင်သောနာတာရှည်ဝေဒ နာ​လေးဖြစ်မည်။

ထိုဝေဒနာဟာအရိုးရောအသားပါမကျန်ဝါးမြိုဖျက်စီးသွားရင်တောင်သူဟာကျေနပ်နေမည့်ဟန်တူသည်။

My Bad Husband Where stories live. Discover now