အခန်း ( ၃၉)

99.8K 6.3K 556
                                    


မြင့်မြတ်သူနှင့် အမြွှာလေးနှစ်ယောက် ထမင်းစားခန်းအတွင်း ရောက်လာတဲ့အခါ ချက်ပြုတ်နေသောနှိုင်းတုမဏိနှင့် ဝီးလ်ချဲတွင်ထိုင်ကာ ထမင်းစားနေသော လွမ်းအဂ္ဂညိုအားတွေ့ရလေသည်။

  " သူဌေး ဒီနေ့ ထမင်းအစောကြီးစားတာလား "

   "  အင်း   မဏိက စောစောကျွေးလို့ "

မြင့်မြတ်သူကတော့ခေါင်းငြိမ့်ရင်း ကျောပိုးအိတ်အသေးလေးတွေအားဧည့်ခန်းသွားထားနေသည်။

   "  ဖေဖေ့ နှုတ်ခမ်းထော်နေတယ်! "

လွမ်းဧကညို၏စကားကြောင့် နှိုင်းတုမဏိ နှုတ််ခမ်းနှစ်လွှာအားတင်းတင်းစေ့လို့ အတွင်းဘက်သို့အနည်းငယ်ဝှက်လိုက်မိသည် ။

  "  ခဏနားပြီးရင် ရေချိုးမယ် ။ ဖွားဖွားကြီးအိမ်ကို ခဏသွားလည်ကြမယ်"

   "  ကိုယ်ပါလိုက်ခဲ့မယ်  ... "

"  မလိုက်ရဘူး  !  "

" အဲ့တာဆို ကိုယ့်ကလေးတွေကို ခေါ်မသွားရဘူး  !  "

ကလေးနှစ်ဦးရှေ့အကြည့်တွေစစ်ခင်းကြရင်း နှစ်ယောက်သားတစ်ထစ်ဆီလျှော့ကာ မျက်နှာလွှဲလိုက်မိကြသည်။

အိမ်ထောင်ရေးအဆင်မပြေမှုတွေသည်ကလေးတွေ၏စိတ်ပိုင်းဆိုင်ရာမှာအလွန်ကိုအရေးပါအရာရောက်၏။

ကလေးငယ်တွေ၏ငယ်ဘဝအမှတ်တရတွေထဲ မိဘတွေ၏ ရန်ပွဲတွေသည် တသတ်တာပိတ်ထားချင်စရာအမှတ်တရစာအုပ်တစ်အုပ်ဖြစ်သည်။

မတော်တဆ ပြန်ဖွင့်မိလျှင်တောင်နောင်တရမည့်အမှတ်တရမျိုး ဖန်တီးမပေးချင်ပေ  ။ 

လွမ်းအဂ္ဂညို သက်ပြင်းတစ်ချက်ချကာ နဖူးထောင့်စွန်းအားလက်ညှိုးထိပ်ဖြင့်အသာကုတ်ကာ ငြိမ်သက်စွာဆိုလေသည် ။

   " မင်းသဘောပဲလေ  "

ထို့နောက်ဝီးလ်ချဲဘီးအားလှည့်ကာ နောက်ရင်းပြန်လှိမ့်ရင်းသာဧည့်ခန်းအတွင်း မြင့်မြတ်သူနှင့် စာရွက်စာတမ်းတွေစစ်ဆေးနေလေသည် ။

ရေချိုးကန်အတွင်းရေအပြည့်ဖြည့်ကာ ဆပ်ပြာမြှုတ်တွေစပ်လို့ က​လေးနှစ်ယောက်အားကန်အတွင်းဆင်းစေသည်။

My Bad Husband Where stories live. Discover now