အခန်း ( ၃၈)

98.8K 6.3K 832
                                    


နှိုင်းတုမဏိ မယ်မယ်ကြီးအိမ်မှပြန်လာတဲ့အခါမျက်နှာမှာအနည်းငယ်ညှိုးနွမ်းနေခဲ့သည်။ စီးပွားရေး ၊ သားသမီးအရေးနှင့် အိမ်မှလူအရေးတွေပေါင်းကာ ပင်ပန်းမှုကြောင့် ခပ်နုံးနုံးလေးဖြစ်၏။

    " နေမကောင်းဘူးလား "

နဖူးပေါ် ဖက် ခနဲရောက်လာတဲ့လက်ကြောင့်နှိုင်းတုမဏိ၏ခေါင်းလေးပင်နောက်ယိုင်သွားရသည်။

စပ်ဖျင်းဖျင်းဖြစ်သွားသည့် နဖူးပြင်လေးအားအသာပွတ်ရင်းနှိုင်းတုမဏိခေါင်းအသာခါပြလေသည် ။

   " မယ်မယ်ကြီးက သားနဲ့သမီးကိုသူ့ဆီထားရမယ်တဲ့  ။  ကျွန်တော်မှမခွဲနိုင်တာ   ... "

   "  ကိုယ့်ကိစ္စထားလိုက်  ... "

"  မရပါဘူး ။ မယ်မယ်ကြီးကလဲခင်ဗျားဆို နာမည်တူတောင် မုန်းနေတာကို  "

လွမ်းအဂ္ဂညို နှုတ်ခမ်းတစ်ခြမ်းကိုအထက်သို့ခပ်ထေ့ထေ့ပင့်တင်ကာ နှာတစ်ချက်မှုတ်ရင်းဆို၏။

   " ကိုယ်ကရော သူ့ကို မေတ္တာသိပ်ရှိနေတယ်များထင်နေတာလား ဟွန့်!  "

  " အဲ့တာနဲ့များ ကလေးကိစ္စကို ဘယ်လိုဆွေးနွေးကြမှာတဲ့လဲ ။ နေပါစေ   ... ကျွန်တော်ပဲအဆူခံလိုက်တော့မယ်   " 

  " အဲ့တာဆိုလဲ မင်းမျက်နှာကိုကြည်ကြည်လင်လင်ထားကွာ ။ အဲ့ဘွားတော်ကြောင့် မင်းမျက်နှာဆက်ညှိုးနေရင် ကိုယ်လူငှားပြီး သူ့အိမ်ခဲနဲ့သွားပေါက်ခိုင်းလိုက်မှာ  " 

   "  အကိုအဂ္ဂ ခင်ဗျားနော်  ! အဲ့တာ ကျွန်တော့်အိမ်  !  "

  "  ဒါဆို ဒီအိမ်ကရော!  "

" ခင်ဗျားအိမ်ပေါ့ "

နှိုင်းတုမဏိ ဒေါသကြောင့်နှာခေါင်းထိပ်​လေးတွေနီလို့ နှုတ်ခမ်းလေးပင်ဟစိစိဖြစ်နေလေသည် ။

လွမ်းအဂ္ဂညို၏ အမေးစကားအားနှစ်ခါတောင်မစဥ်းစားပဲ ပုံမှန်ထက်အနည်းငယ်ကျယ်တဲ့ အသံနှင့်ခပ်ဆက်ဆက်လေးပြန်ဖြေလေသည်။

ထိုအဖြေစကားအား မျက်ခုံးပင့်လို့ လွမ်းအဂ္ဂညိုပြောသောစကားမှာ ခပ်ရှင်းရှင်းပင် ။

My Bad Husband Where stories live. Discover now