လီမေ့လန်နဲ့ အခြားလူတွေက *Cao Caoရောက်ရှိလာပြီပြောရမှာကို နည်းနည်းရှက်နေကြတယ်
(*Cao Cao ကဘာလဲဆိုတာရှာကြည့်ပေမဲ့ အိုင်နားမလည်လို့ပါ)
“Mrရန် မဂ်လာမနက်ခင်းပါ"သူမကရန်ချွီးချီကိုနှုတ်ဆက်လိုက်တယ်
ရန်ချွီးချီ ကသူမကိုခေါင်းညိမ့်ပြလိုက်တယ် ဒါပေမဲ့ သူကသူမနောက်ကရှန်ကျင်းထျန်ကိုဆက်ကြည့်နေတုန်းဘဲ လီမေ့လန်နောက်ကနေဓာတ်လှေကားထဲကလိုက်ထွက်ရင်း ရှန်ကျင်းထျန်ရဲ့မျက်နှာက နီနေရာကနေဖြူဖျော့သွားတယ်
“ဒီလိုဖြစ်နေတာ အကောင်းဆုံးဘဲ"ရန်ချွီးချီကိုဖြတ်သွားတော့ ဒီလိုပြောနေတာကိုသူရုတ်တရက်ကြားလိုက်တယ်
……
အဲ့ဒီလိုကြားလိုက်ရတော့ ရှန်ကျင်းထျန်က သူ့ခေါင်းကိုလှည့်ပြီးကြည့်လိုက်တယ် သူ့မျက်နှာကိုပြောင်ပြောင်ကြီးဖြစ်သွားစေတဲ့ မိတ်ကပ်အထူကြီးမရှိဘူး သူ့မျက်လုံးတွေက နည်းနည်းထူးဆန်းနေတယ် သူကရန်ချွီးချီကိုကြည့်ပြီးတော့ပြောလိုက်တယ်"ဒီလိုဆိုတော့ ခင်ဗျားဆန္ဒရှိနေတဲ့အတိုင်းပေါ့"
အဲ့ဒီနောက် လူတိုင်းရဲ့ အံအားသင့်တဲ့အကြည့်တွေအောက်မှာ သူကရန်ချွီးချီကိုဖြတ်လျှောက်သွားလိုက်တယ် သူကရှန်ကျင်းထျန်ဆွတ်နေကြဖြစ်တဲ့ အော်ဂလီဆန်စရာ ရေမွှေးနံ့ကိုမရခဲ့ဘူး သူပြန်ကြည့်လိုက်တော့ ရှန်ကျင်းထျန်ရဲ့ ထူးခြားပြီး ဖြောင့်မတ်သေးသွယ်တဲ့ နောက်ကျောကိုသာမြင်လိုက်ရတယ်
ဘုရားရေ ဘယ်လိုတောင်မိမိုက်နေတာလဲ!
သူက အရင်က သူဝတ်နေကြအဝတ်အစားတွေနဲ့မတူတဲ့ အကျီတွေကိုအခုဝတ်ဆင်ထားတယ်လို့ခံစားရတယ် သူကအဲ့ဒီနေ့ညက ရန်ချွီးချီရှေ့မှာ တစ်ခုချင်းချွတ်ချခဲ့တဲ့အကျီတွေကို ပြန်ဆွဲယူချင်ခဲ့တယ်!
“Ding Dong!” အဲ့ဒီအချိန်မှာ ရှောင်အိုက်က ရုတ်တရက်လိုင်းတက်လာခဲ့တယ် "ဂုဏ်ယူပါတယ် အချစ်လေး အမှတ်၂မှတ်အောင်မြင်စွာရရှိတဲ့အတွက်"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Hài hướcကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...