Chapter 85

3.4K 658 20
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 85: မင်းရဲ့ချစ်မြတ်နိုးရသူနဲ့ဓာတ်ပုံရိုက်ခြင်း

ရှန်ကျင်းထျန်က လုမင်ကိုမြင်တော့ ရုတ်တရက်ဒါရိုက်တာကသူ့ကိုမေးလာတယ်။
"ပိုင်ချင်းကွမ် ဒီရုပ်ရှင်မှာဧည့်သည်သရုပ်ဆောင်အဖြစ်ပါချင်လားကူမေးပေးပါလား"

အဲ့လိုကြားလိုက်ရတော့ ချက်ချင်းဘဲရှန်ကျင်းထျန်က ပိုင်ချင်းကွမ်ကိုသိမ်းသွင့်လိုက်တယ်။

"ငါတို့မှာ ချန်ကျန်းရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ကာရိုက်တာရှိတယ်၊ သူကအားနည်းတဲ့စာသင်သားလေ၊ စစ်ပွဲပြီးတော့ သူကချန်ကျန်းကိုသူ့မွေးရပ်မြေကShaoxingမှာအရက်သောက်ဖို့ဖိတ်ခဲ့တာ၊ ရိုက်ကူးစရာ၂ခန်းလောက်ရှိတယ်၊ အဲ့ဇာတ်ကောင်အတွက်ငါတို့သရုပ်ဆောင်မတွေ့သေးဘူး၊ မင်းဧည့်သည်အဖြစ်ပါချင်လား?"
လုမင်ကပြုံးရင်းမေးလိုက်တယ်။

လုမင်က လုံးဝပေါက်သွားမဲ့<လေယာဥ်မှုး>ရုပ်ရှင်ကိုရိုက်ကူးဖန်တီးတဲ့ ဒါရိုက်တာကြီးတစ်ယောက်ဖြစ်တယ်။ ဧည့်သည်သရုပ်ဆောင်လုပ်တာက ဘယ်အနုပညာရှင်အတွက်နေနေသင့်တော်တယ်။ အခြားဒါရိုက်တာကြီးတွေသာ သူ့ကိုပိတ်ကားပေါ်မှာမြင်ရင် သူတို့ရဲ့အာရုံကိုဖမ်းစားနိုင်လောက်တယ်လို့တွေးမိတော့ ပိုင်ချင်းကွမ်ကချက်ချင်းဘဲသဘောတူလိုက်တယ်။ သူက အေးဂျင့်နဲ့အချိန်ဇယားကိုညှိဖို့ဘဲလိုအပ်တယ်။

"ဖြေရှင်းပြီးသွားပြီလား?"
ရှန်ကျင်းထျန်က မေးလိုက်တယ်။

ပိုင်ချင်းကွမ် : "အဲ့ဒါကပြဿနာမဟုတ်ဘူးရယ်၊ တကယ်တော့အခုတလော ကြော်ညာပွဲတက်ရုံကလွဲလို့အခြားဘာမှလုပ်စရာမရှိဘူးလေ"

ကိစ္စတွေဖြေရှင်းပြီးသွားတော့ လူတိုင်းကကောင်တီမြို့ဆီပြန်လာပြီးနေ့လည်စာအတူတူစားခဲ့ကြတယ်။ ရှန်ကျင်းထျန်က ပိုင်ချင်းကွမ်ကရန်ချွီးချီရဲ့ရှေ့မှာထူးထူးခြားခြားရှက်ရွံ့နေတယ်ဆိုတာတွေ့လိုက်ရတယ်။ ဒီရှက်ရွံ့မှုက ဘော့စ်အတွက်ကြောက်ရွံ့ရိုသေတာမျိုးဖြစ်လောက်ပေမဲ့ ရှန်ကျင်းထျန်ကတော့ အဲ့ဒါကသူcrushနေတဲ့တစ်စုံတစ်ယောက်ရဲ့ရှေ့မှာမျက်နှာဖုံးတပ်ထားတာလည်းဖြစ်နိုင်တယ်လို့ခံစားခဲ့ရတယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now