Chapter 87

3.2K 655 19
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 87: အတူတူအိပ်စက်ခြင်း

ဘေးပတ်လည်မှာလူတွေကညစာစားနေကြတာကြောင့် မြင်ကွင်းကဖရိုဖရဲဖြစ်နေတယ်။ ရန်ချွီးချီအပြင် ဝိုင်တစ်ပုလင်းကိုင်ပြီးမူးရူးနေတဲ့အမဓးသမားတစ်ယောက်လည်းရှိနေသေးတယ်။ အဲ့လူရဲ့သူငယ်ချင်းတွေက သူ့ကိုဆွဲခေါ်သွားကြတယ်။ ကံကောင်းတာက ရန်ချွီးချီကအခြားဘာလှုပ်ရှားမှုမှမလုပ်ခဲ့ဘူး။

ရှန်ကျင်းထျန်က ရှောင်ထန်ကိုလာခဲ့ဖို့လက်ဟန်ပြလိုက်တယ်။ ရှောင်ထန်က ရန်ချွီးချီရဲ့လက်မောင်းတစ်ဖက်ကိုကူတွဲလိုက်တယ်။
"ဥက္ကဋ္ဌရန်"

ရန်ချွီးချီက ရှန်ကျင်းထျန်ကိုဆက်ဖက်ထားတယ်။ နှစ်ပေါင်းများစွာဗလာဖြစ်နေတဲ့ခံစားချက်တွေကိုခံစားခဲ့ရတဲ့သူ့လက်မောင်းတွေက ရုတ်တရက်စိတ်ကျေနပ်မှုရသွားခဲ့တယ်။ အရေပြားအာသာပြင်းပြမှုရဲ့ကိုယ်ထင်ပြခြင်းတွေထဲကတစ်ခုက သူကပွေ့ဖက်ရတာအရမ်းကြိုက်နှစ်သက်တာဖြစ်တယ်။ သူ့လက်မောင်းတွေထဲမှာ တစ်ခုခုကိုမဖက်ထားရဘူးဆိုရင် သူကအထီးကျန်တာကိုခံစားရလိမ့်မယ်။ သူကအဲ့ဒါကိုအသားကျနေခဲ့တာကြောင့်အဆင်ပြေပေမဲ့ အခုသူကရုတ်တရက်သူသဘောကျတဲ့တစ်စုံတစ်ယောက်ကိုပွေ့ဖက်လိုက်တာကြောင့် ဒီလိုစိတ်ကျေနပ်မှုမျိုးက ပိုနက်နဲတဲ့စိတ်ဆန္ဒကိုအစပျိုးခဲ့တယ်။

"ဥက္ကဋ္ဌရန်......"ရှောင်ထန်က သူ့လက်ကိုတွန့်ဆုတ် တွန့်ဆုတ်နဲ့ကိုင်ထားတယ်။

လူတွေကသူတို့ကိုစိုက်ကြည့်နေကြပြီ။ ကံကောင်းတာက ရန်ချွီးချီက ရှန်ကျင်းထျန်ကိုအပြည့်ကာပေးနိုင်ဖို့ လုံလောက်အောင်အရပ်ရှည်နေခဲ့တယ်။ ရှန်ကျင်းထျန်က မြန်မြန်ထွက်နိုင်ဖို့လုပ်ရင်း ရန်ချွီးချီကိုကားထဲတွဲသွားခဲ့တယ်။

ရန်ချွီးချီကအရမ်းမူးနေခဲ့တယ်။ ဆင်ခြင်တုံတရားအချို့ကျန်သေးပေမဲ့ သူကအရက်ရဲ့လွှမ်းမိုးမှုအောက်မှာ သူကထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပြီး သူ့နှလုံးသားထဲကစိတ်ဆန္ဒတွေကိုလွှတ်ထုတ်ပေးလိုက်တယ်။ သူ ရှန်ကျင်းထျန်ကိုနမ်းလိုက်တဲ့တစ်ခဏမှာ သူကမိန်းမောတွေဝေသွားပြီး သတိလက်လွတ်နီးပါးဖြစ်ခဲ့တယ်။ သူ ရှန်ကျင်းထျန်ကိုဖက်လိုက်တော့ အဲ့ဒါတွေအားလုံးကွယ်ပျောက်သွားခဲ့တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now