Chapter 80

3.9K 664 37
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 80: အနှိပ်ခံခြင်း

“ခင်ဗျားလည်းရောက်နေတာဘဲ"
ရှန်ကျင်းထျန်က သူ့ရှေ့ရပ်လိုက်ပြီးနောက်လိုက်တယ်။
"ခင်ဗျားရဲ့ခန္ဓာကိုယ်ညစ်ပတ်သွားမှာစိုးလို့မဖက်တော့ဘူးနော်"

ရန်ချွီးချီကတိတ်တိတ်လေးတွေးလိုက်မိတယ်။
'မညစ်ပတ်ပါဘူး.....'

“မတွေ့ရတာကြာပြီ"
သူကရှန်ကျင်းထျန်ကိုကြည့်ရင်းပြောလိုက်တယ်။ ရှန်ကျင်းထျန် သူ့နားကိုပိုကပ်လာတော့ ရှန်ကျင်းထျန်ရဲ့နဖူးပေါ်ကအမာရွတ်တွေကိုမြင်လိုက်ရတယ်။

“ခင်ဗျားကိုမမြင်ရတာအတော်ကြာပြီ"
ရှန်ကျင်းထျန်ကလက်ဆန့်ထုတ်ပြီး ရန်ချွီးချီာကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးချက်ချင်းလွှတ်လိုက်တယ်။ သူ့မျက်လုံးတွေကမဒမ်ရန်ဆီရောက်သွားတယ်။
"အန်တီဖန်း!"

သူ့အသံကပျော်ရွှင်မှုတွေနဲ့ပြည့်နေခဲ့တယ်။ ရန်ချွီးချီက ရှန်ကျင်းထျန်ရဲ့သူ့အပေါ်စိတ်အားထက်သန်မှုက စူပါမားကတ်တစ်ခုက လျှော့စျေးလက်ဆောင်တစ်ခုလိုဘဲလို့ခံစားရတယ်။

မဒမ်ရန်ကတော့ ရှန်ကျင်းထျန်ညစ်ပတ်နေရင်လည်းဂရုမစိုက်ခဲ့ဘူး။ သူမကသူ့ကိုဖက်လိုက်တယ်။
"မင်းဒဏ်ရာရသွားတယ်လို့ငါကြားတယ်၊ မင်းအဆင်ပြေရဲ့လား?"

“အန်တီဘယ်လိုလုပ်သိတာလဲ?"
ရှန်ကျင်းထျန်က အံ့အားသင့်စွာမေးလိုက်တယ်။

“အန်တီက ကျွန်တော့်ကိုမေးလို့ ကျွန်တော်ပြောပြလိုက်တာ"
ရှောင်ထန်ကရိုးရိုးသားသားဝန်ခံလာတယ်။

“ငါ့မှာလည်း မင်းရဲ့ဘေးမှာသတင်းပေးတွေရှိတယ်နော်"
မဒမ်ရန်က သူ့ကိုလွှတ်ပေးလိုက်ပြီး သူ့နဖူးပေါ်ကအနာကိုကြည့်လိုက်မိတယ်။
"အဲ့ဒါက ဒီဟာလား?"

ရှန်ကျင်းထျန်: "ကျွန်တော် ကျောက်တုံးနဲ့တိုက်မိတာ ဒါပေမဲ့ကျွန်တော်အဆင်ပြေပါတယ်"

မဒမ်ရန်: “အနာဂတ်မှာ မင်းဒီလိုရုပ်ရှင်ရိုက်တဲ့အခါ ပိုပြီးဂရုစိုက်ရမယ်နော်၊ မင်းကသရုပ်ဆောင်တစ်ယောက်လေ၊ ပြီးတော့စားသောက်ဖို့ဒီမျက်နှာလေးပေါ်မှီခိုနေရတာကို"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now