Author: 公子于歌 / Gong Zi Yu Ge
Chapter 68:ဒါပေါ့၊ နှစ်သစ်ကူးမှာမင်းရဲ့ယောက္ခမကိုတွေ့ရမယ်လေ
ရန်ချွီးချီက မီးခိုးရောင်ဘောင်းဘီနဲ့ လည်ပိတ်ဆွယ်တာအနက်ရောင်ကိုဝတ်ဆင်ထားပြီး အဝတ်လဲခန်းထဲကထွက်လာခဲ့တယ်။ သူကအေးစက်တောင့်တင်းနေတဲ့ခံစားချက်မျိုးပေးစွမ်းနေတယ်။ ရှန်ကျင်းထျန်က သူ့အကြည့်ကိုပြန်ထိန်းလိုက်ပြီး ရန်ချွီးချီကိုပြုံးပြလိုက်တယ်။ ရန်ချွီးချီက သူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။
ရှန်ကျင်းထျန်က သူ့ကိုဇာတ်ညွှန်းပေးလိုက်ရင်း
"ကျွန်တော်ဒီကို ရင်းနှီးမြှုပ်နှံတာကိုဆွဲဆောင်ဖို့လာခဲ့တာ၊ ဥက္ကဋ္ဌရန် ဒီဇာတ်ညွှန်းကိုတစ်ချက်လောက်ကြည့်ပေးရင်ရောဘယ်လိုလဲ?"ရန်ချွီးချီက ခဏလောက်ပြုံးလိုက်ပေမဲ့ သူကပြုံးလေ့မရှိတာကြောင့်အတော်လေးအနေရခက်နေပုံပေါ်တယ်။ သူ့အပြုံးက တစ်ခဏဘဲဖြစ်ပြီး မြန်ဆန်စွာပျောက်ကွယ်သွားပြီး သူ့ရဲ့ပုံမှန်အေးစက်စက်ပုံစံကိုပြန်ရောက်သွားတယ်။ သူ့အရပ်နဲ့အရှိန်အဝါကို သူ့ရဲ့အေးစက်စက်ပုံစံနဲ့ပေါင်းလိုက်တော့ လူတွေကိုအမြဲအတော်ကြီးစိတ်လှုပ်ရှားစေတယ်။
ရန်ချွီးချီက ဇာတ်ညွှနိးကိုယူလိုက်ပြီး အကြမ်းဖျင်းဖတ်ကြည့်လိုက်တယ်။ သူကခေါင်းမော့လာပြီးပြောလိုက်တယ်။
"ဒါက မင်းရိုက်ကူးချင်တဲ့ရုပ်ရှင်လား?"ရှန်ကျင်းထျန်က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
"ဒီတော့ ခင်ဗျားသိတယ်ပေါ့"ရန်ချွီးချီက သူ့ကိုကြည့်လိုက်ပြီးတော့ အကြည့်တွေပြန်ရုတ်သွားတယ်။ "အမ်း"လို့ပြောပြီး သူကဇာတ်ညွှန်းကိုပြန်ချထားလိုက်တယ်။
"ငါအဲ့ဒါကိုကြားပြီးပြီ""ဒါက ဒါရိုက်တာချွီးရဲ့မူရင်းversionလေ၊ onlineမှာတင်ထားတာနဲ့မတူဘူး၊ ဒီversionက အတော်လေးထိုင်းမှိုင်းတာကြောင့် ပိုပြီးစာပေအနုပညာရုပ်ရှင်ဆန်တယ်၊ အဲ့ဒါကြောင့်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေရှာမရတာလေ၊ အရင်ကြည့်ကြည့်ပါဦး၊ အဲ့ဒါကိုဖတ်ပြီးသွားလို့ကောင်းတယ်လို့ခက်ဗျားထင်ရင် ပူးပေါင်းကြရအောင်လေ၊ စီးပွားရေးကစီးပွားရေးဘဲလေ"
ရှန်ကျင်းထျန်က မတ်တပ်ထရပ်လိုက်ပြီး
"ဒါဆို ခင်ဗျားဖတ်လို့ရအောင် ကျွန်တော်သွားတော့မယ်၊ ခင်ဗျားဖတ်ပြီးသွားမှ ပြောကြရအောင်လေ"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...