Chapter 93

3.1K 630 34
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 93: မရီးဆိုတာက သောက်ကျိုးနည်းဘာကိုဆိုလိုတာလဲ!

ကောင်းမွန်တဲ့အသိစိတ်နဲ့ဆို <When you're older>ရဲ့ဇာတ်ညွှန်းကထိပ်တန်းဖြစ်တယ်။ ရန်ချွီးချီကလုံးဝစိတ်ငြိမ်သွားတော့ ဇာတ်ညွှန်းကိုစိတ်ပါလေးနက်စွာထပ်ဖတ်ကြည့်ခဲ့တယ်။ မူလက သူကရှန်ကျင်းထျန်ကိုလိင်တူဇာတ်ရုပ်တွေမှာထပ်ပါဝင်တာကိုခွင့်ပြုမပေးခဲ့ဘူး။ လီရှုက အတော်လေးပြင်းထန်တဲ့ကာရိုက်တာတစ်ခုဖြသ်ခဲ့ပြီး လိင်တူကြိုက်ခြင်းကိုလည်းမကြာခဏထွင်လုံးအဖြစ်အသုံးပြုခဲ့ပြီး ခေါင်းစဥ်တပ်ပေးဖို့လွယ်ကူစေခဲ့ပေမဲ့ ဒီဇာတ်ညွှန်းကိုဖတ်ပြီးသွားတော့ ရှန်ကျင်းထျန်က ဒါကိုတကယ်ရွေးဖို့လိုတယ်လို့သူခံစားခဲ့ရတယ်။

ဇာတ်လမ်းရဲ့သက်တမ်းက ကြာရှည်ပြီးစိတ်ထိရှဖွယ်ကောင်းတယ်။ ပြန်ပြင်ထားတဲ့versionကသဘာဝကျတယ်။ ပထမversionအတိုင်းရိုက်ငူးမာ်ဆိုရင် အာရုံစိုက်မှုကိုဆွဲဆောင်နိုင်ပြီး အတိုင်းအတာကအရမ်းကြီးမားလွန်းပြီး အဲ့ဒါကအဓိကအရာတွေကိုအလွယ်တကူဝေဝါးစေနိုင်တယ်။ ဒီလိုဝတ္ထုမျိုးရဲ့စိတ်ထိရှဖွယ်ဒရာမာက အနှစ်သာရဖြစ်တယ်။ ပရိတ်သတ်တွေကိုထည့်စဥ်းစားရင်တော့ ပြန်ပြင်ထားတဲ့versionက box officeနဲ့reviewတွေကိုပိုပြီးအကျိုးရှိစေလိမ့်မယ်။

သူကလည်း ရှင်းယွင်entertainmentကဘာလို့ အဲ့ဒါမှာရှန်ကျင်းထျန်ကိုပါဝင်စေဖို့အရမ်းတက်ကြွကြိုးသားနေရသလဲဆိုတာသိတယ်။ လီရှုရဲ့အရှိန်အဝါနဲ့ ရှန်ကျင်းထျန်သာလိင်တူဝတ္ထုတစ်ခုမှာထပ်ပြီးသရုပ်ဆောင်ရင် အဲ့ဒါကများစွာသောခေါင်းစီးတွေကိုဖန်တီးလိမ့်မယ်။

ပိုင်ချင်းကွမ်နဲ့ရှန်ကျင်းထျန်ကြားက ပူးပေါင်းမှုကလည်း အားကောင်းတဲ့ပေါင်းစည်းမှုတစ်ခုဖြစ်နေတယ်။ ဇာတ်လမ်းက အထက်တန်းကျောင်းကနေစတင်ပြီး လူလတ်ပိုင်း၊ ပြီးတော့သက်ကြီးပိုင်းအထိကြာရှည်ပြီး နောက်တော့ပြန်ဝင်စားခြင်းသံသရာများစွာကိုဖြတ်သန်းပြီး သရုပ်ဆောင်ဖို့လုံလောက်တဲ့ကဏ္ဍတွေပေးထားတယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now