Author: 公子于歌 / Gong Zi Yu Ge
Chapter 78: ဘာမှမပြောဘဲငြင်းလိုက်တာလား?!
ရန်ချွီးချီက ကလေးထဲကတန်ဖိုးရှိတဲ့မွေးနေ့လက်ဆောင်တွေအများကြီးရရှိခဲ့ပေမဲ့ အဲ့ဒါတွေက အခုရှန်ကျင်းထျန်ဆီကရတဲ့လက်ဆောင်လောက်ဘယ်ဟာကမှစိတ်မလှုပ်ရှားစေဘူး။ သူ့လက်ကောက်ဝတ်မှာ နာရီကိုချက်ချင်းဝတ်ဆင်လိုက်ပြီး သူ့လက်ကိုဘာ်ညာလှည့်ကြည့်နေမိတယ်။
အရမ်းဆွဲဆောင်မှုရှိတယ်။ အရမ်းချစ်စရာကောင်းတယ်။ ဒါကရှန်ကျင်းထျန်သူ့ကိုပေးတဲ့နာရီဖြစ်တယ်။
သူ့နှလုံးသားကအခုန်မြန်လာပြီး သူ့Adam's appleကအပေါ်အောက်လှုပ်ရှားသွားကာ သူ့ပါးစပ်ထောင့်တွေကထိန်းမရနိုင်ဘဲကွေးညွတ်သွားပြီး သူကနူးညံ့တဲ့ရယ်သံတစ်ခုထွက်လာခဲ့တယ်။
ရှန်ကျင်းထျန်က ဘာလက်ဆောင်ဝယ်ရမလဲဆိုတာစဥ်းစားတုန်းကအခက်ကြုံခဲ့ရတယ်။ သူ့မွေးနေ့တုန်းကမဒမ်ရန်ပေးခဲ့တဲ့ရတနာတုံးနဲ့ နာရီကအရမ်းတန်ဖိုးရှိတာကြောင့် သူကအနည်းဆုံးတော့တန်ဖိုးတူညီတဲ့လက်ဆောင်တွေပြန်ပေးချင်ခဲ့တယ်။
ရန်မိသားစုလိုမိသားစုတစ်ခုအတွက် လက်ဆောင်ပေးရတာလွယ်ကူတယ်။ မဒမ်ရန်အတွက်ဆို ကျောက်မျက်ရတနာဖြစ်မယ်။ ရှန်ကျင်းထျန်က ရန်တိန်ဖန်းနဲ့မရင်းနီးပေမဲ့ တစ်ခါတရံအိမ်မှာလက်ရေးလှကျင့်တာတွေ့ရတာကြောင့် သူကနေရယ် လရယ် နဂါးနဲ့ဇာမဏီငှက်တွေပါတဲ့မှင်တုံးတစ်ခုလက်ဆောင်ပေးခဲ့တယ်။
ရန်ညီအကိုနှစ်ယောက်အတွက် သူစဥ်းစားလို့ရသမျှဟာကတော့ နာရီတွေ၊ ခါးပတ်တွေနဲ့နက်ကတိုင်တွေဖြစ်တယ်။ ရန်ယောင်ရွှမ်းက ပြည်ပရောက်နေတာကြောင့် သူပြန်လာမှပေးဖို့ စီစဥ်ထားတယ်။ ရန်ချွီးချီအတွက်တော့ သူကခဏလောက်စဥ်းစားပြီး နောက်ဆုံးမှာတော့နာရီတစ်လုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီပစ္စည်း၃မျိုးထဲမှာ နာရီတွေကစျေးအကြီးဆုံးလို့သူခံစားမိခဲ့တယ်။ ပြောရရင် အဲ့ဒါကရန်ချွီးချီရဲ့ လွှမ်းမိုးနိုင်တဲ့ဥက္ကဋ္ဌအရှိန်အဝါနဲ့လိုက်ဖက်တယ်လေ!
![](https://img.wattpad.com/cover/295689959-288-k883811.jpg)
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...