Author: 公子于歌 / Gong Zi Yu Ge
Chapter 88: သူ့ရဲ့လူမသိတဲ့ဘက်ခြမ်း
ရန်ချွီးချီက အခြားဘာမှမလုပ်နိုင်ခဲ့ဘူး။ ပြောရရင်မလုပ်ရဲခဲ့ဘူး။ သူကရှန်ကျင်းထျန်ကိုရိုးရိုးလေးဖက်ထားပြီး သူ့မျက်နှာကနီရဲနေခဲ့တယ်။ ဒီလိုမျိုးလူတွေကို မင်းရဲ့အသွေးအသားတွေထဲအထိစုပ်ယူနေချင်သလိုမျိုး ပွေ့ဖက်ထားချင်တဲ့အထိန်းအကွပ်မဲ့မှုက တစ်ခါလွတ်ထွက်သွားတာနဲ့ထိန်းသိမ်းမရတော့ဘူး။
ရှန်ကျင်းထျန်က အသက်ရှုရခက်မွန်းကျပ်လွန်းလို့သေလုနီးပါးဖြစ်ခဲ့ရတယ်။ သူ့မျက်နှာက ရန်ချွီးချီရဲ့လည်ပင်းမှာကပ်နေပြီးအစိမ်းရောင်သန်းနေခဲ့တယ်။ သူကရန်ချွီးချီရဲ့ခန္ဓာကိုယ်ကြီးကိုတွန်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ တစ်လက်မတောင်မရွေ့ခဲ့ဘူး။ ရန်ချွီးချီရဲ့အားက အရမ်းသန်မာလွန်းနေတယ်။ သူကထပ်ကြိုးစားခဲ့ပေမဲ့ လုံးဝကိုမရွေ့ခဲ့ဘူး။
"ရန်ချွီးချီ"
သူကခေါ်လိုက်တယ်။ရန်ချွီးချီက တိတ်ဆိတ်နေတုန်းဘဲ။ သူကစိတ်လှုပ်ရှားပြီးရှက်ရွံ့လာခဲ့တယ်။ အရက်အကြွင်းအကျန်တွေရဲ့လွှမ်းမိုးမှုနဲ့အတူ သူ့ရဲ့လေးနက်တည်ကြည်မှုတွေက တိမ်တွေမြူခိုးတွေထဲလွင့်ပါသွားကုန်ကြပြီ။
(*ဒယ်ဒယ်ရန် လေထဲလွင့်ပါသွားxd)ရှန်ကျင်းထျန်ကိုယ်တိုင်ကလည်း ယောကျ်ားတွေကိုသဘောကျတယ်။ သူကဒီလိုယောကျ်ားတစ်ယောက်ရဲ့ဖက်ခံရပြီးအဖိခံလိုက်ရတော့ သူ့နှလုံးခုန်သံကိုမထိန်းချုပ်နိုင်တော့ဘူး။ သူဘာမှမခံစားရဘူးလို့ပြောရင် လိမ်တာဘဲ။ အဲ့ဒါကရှက်စရာကောင်းနေတယ်။ သူက မျက်လုံးတွေကိုဖွင့်လိုက်ပြီး လက်တစ်ဖက်ကိုရင်ဘတ်ပေါ်တင်ကာ ရန်ချွီးချီသူ့ကိုမနမ်းမိအောင်ကာကွယ်ထားခဲ့တယ်။
သို့သော်လည်း ရန်ချွီးချီကသူ့ကိုခပ်တင်းတင်းဖက်ထားတာကလွဲလို့ ဘာမှမလုပ်ခဲ့ဘူး။ ရှန်ကျင်းထျန်က အတော်ကြာငြိမ်နေပြီး ရုတ်တရက်ရန်ချွီးချီကိုတွန်းထုတ်လိုက်တော့ လွတ်လပ်သွားခဲ့တယ်။ သူကချွေးတွေပြန်နေခဲ့တယ်။ သူကအိပ်ယာပေါ်ဒူးထောက်ချလိုက်ပြီး ရန်ချွီးချီကိုကြည့်ရင်း အသက်ရှုနေမိတယ်။ ရန်ချွီးချီက ခေါင်းအုံးပေါ်လှဲနေတုန်းဘဲ။ ရှန်ကျင်းထျန်ကတော့ ရန်ချွီးချီရဲ့နားရွက်တွေကလုံးဝနီရဲနေတာကိုတွေ့ခဲ့ရတယ်။
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...