Chapter 83

3.1K 651 25
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 83: Smoking Gun Beauty

ရန်ချွီးချီက အခွင့်အရေးတွေတော့လုံးဝပြီးဆုံးသွားပြီလို့ခံစားခဲ့ရတယ်။ သူတွေးမိတာက ရှန်ကျင်းထျန်သူ့ကိုမကြိုက်ရင်တောင် သူကြိုးစားနေသရွေ့သူပြန်အဆင်ပြေအောင်လုပ်နိုင်တယ်လို့ပေါ့။ ဒါပေမဲ့အခုတော့ ရှန်ကျင်းထျန်က အရင်က"အချစ်ပြိုင်ဘက်"နဲ့အရမ်းသဟဇာတဖြစ်လာတယ်.......ဒါကအဓိပ္ပါယ်တစ်ခုကိုဘဲဆိုလိုတယ်။ ရှန်ကျင်းထျန်က သူ့ကိုလုံးဝလက်လွှတ်လိုက်ပြီ။

မလိုမုန်းတီးခြင်းတွေတစ်ခုမှမရှိဘဲ ရှန်ကျင်းထျန်ကဘယ်လိုလုပ် ပိုင်ချင်းကွမ်နဲ့သူငယ်ချင်းတွေဖြစ်နိုင်မှာလဲ?သူတို့ရဲ့friendshipနဲ့ပတ်သက်ပြီး ရန်ချွီးချီကနားမလည်နိုင်ခဲ့ဘူး။ အထူးသဖြင့် ရှန်ကျင်းထျန်ကပိုင်ချင်းကွမ်ကို သေလောက်အောင်မုန်းခဲ့လို့ဘဲ။ ဒါပေမဲ့ သူတို့အတူတူသရုပ်ဆောင်တဲ့အချိန်တည်းက သူတို့မှာကောင်းမွန်တဲ့friendshipတစ်ခုရှိခဲ့ကြတယ်။

ညနေစောင်းထဲက မဒမ်ရန်ကမျှော်လင့်ချက်ကြီးစွာစောင့်နေခဲ့တယ်။ သူတို့ပြန်လာတဲ့အသံကိုကြားမိတော့ သူမကချက်ချင်းဘဲရန်ချွီးချီရဲ့တံခါးကိုခေါက်လိုက်တယ်။

ရန်ချွီးချီက အဲ့ဒါကသူ့အမေဆိုတာမြင်လိုက်ရတော့ တံခါးဖွင့်ပေးပြီးပေးဝင်ခဲ့တယ်။ မဒမ်ရန်ကဝင်လာပြီး တံခါးပိတ်လိုက်ရင်းမေးလိုက်တယ်။
"ဒီနေ့ည ညစာကဘယ်လိုလဲ?"

ရန်ချွီးချီ: "အဆင်ပြေပါတယ်"

မဒမ်ရန်: "မင်းငါပြောတာကိုပြောခဲ့လား?"

ရန်ချွီးချီ: "ကျွန်တော်ဘာလုပ်လုပ် အသုံးမဝင်လောက်ဘူးလို့ထင်တယ်"

သူက မဒမ်ရန်ကိုဒီနေ့ညဖြစ်ပျက်ခဲ့တာတွေရော အတိတ်တုန်းကအဖြစ်အပျက်တွေပါပြောပြလိုက်တယ်။ မဒမ်ရန်ကရှန်ကျင်းထျန်ကိုဘယ်လောက်ချစ်တယ်ဆိုတာသူသိပြီးတော့ သူ့ခံစားချက်တွေကိုသူကပြောလေ့မရှိတာကြောင့် သူ့အတွက်တော်တော်လေးရှက်စရာကောင်းခဲ့တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now