Author: 公子于歌 / Gong Zi Yu Ge
Chapter 110: Prince Yan's Statement!
ရန်ချိုးချီက ရှန်ကျင်းထန်နဲ့အတူရှိနိုင်ဖို့အတွက်မျှော်လင့်ချက်ရေးရေးလေးဘဲရှိတယ်လို့အရင်ကယုံကြည်ခဲ့ဖူးတယ်။ သူကလက်လျှော့ဖို့ဆန္ဒမရှိပေမဲ့လည သူသာမရမကဆက်လိုက်နေရင် ရှန်ကျင်းထန်ကသူ့ကိုရှောင်နေလိမ့်မယ်။အဲ့လိုဆိုသူတို့ကသူငယ်ချင်းတောင်မဖြစ်နိုင်တော့ဘူး။ ဆက်တိုက်နောက်ယောင်ခံလိုက်ရင်းခနခနအငြင်းခံနေရတာက အတိတ်တုန်းကရှန်ကျင်းထန်လုပ်ခဲ့တာနဲ့ဘာမှမကွာဘူး။ ရှန်ကျင်းထန်ကိုသူ့ကြောင့်မနှစ်မြို့မဖြစ်စေချင်ဘူး။မင်းအခြားတစ်ယောက်ကိုမချစ်ခင်မှာ မင်းကိုယ်မင်းအရင်ချစ်သင့်တယ်။ ဒါကြောင့် တစ်ဖတ်သတ်ချစ်နေကြတဲ့လူတွေက သူတို့ပစ်မှတ်ကိုမရမကအတင်းလိုက်ဖို့ စိတ်အားထက်သန်မှုပေါ်မှာဘဲမှီခိုမနေသင့်ဘူး။ နည်းလမ်းနဲ့ဉာဏ်ရှိမှုလည်းလိုအပ်တယ်။သူတို့ကိုယ်သူတို့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆန္ဒတွေရဲ့လွှမ်းမိုးမှုခံရပြီးအခြားလူတွေကိုခံစားရအောင်မပြုလုပ်သင့်ဘူး။
ရှောင်ချီရဲ့ရူးသွပ်နေတဲ့ပုံစံက သူ့ကိုအဖြေတစ်ခုပေးခဲ့တယ်။ အဲ့ဒီနည်းက ရှန်ကျင်းထန်ကိုမထိခိုက်စေဘဲ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆန္ဒတွေကိုလည်းကျေနပ်စေလိမ့်မယ်။ သူက ရှန်ကျင်းထန်ကိုဖြူစင်အောင်လုပ်ကာ gold powderတွေရှန်ကျင်းထန်ကိုဂုဏ်ယူရအောင်လုပ်ပေးမယ်။ သူက ရှန်ကျင်းထန်ရဲ့မကောင်းသတင်းတွေစတင်ရာဖြစ်တာကြောင့် အဲ့ဒါတွေကိုဖြေရှင်းဖို့သူကဘဲအဖြေဖြစ်လိမ့်မယ်။
ဒါပေမဲ့လည်း ရှောင်ချီကိုလွှတ်ပေးထားလို့မရဘူး။ သူမရဲ့နောက်ဆုံးပန်းတိုင်က ရှန်ကျင်းထန်ကိုထိခိုက်စေဖို့ဖြစ်တာကြောင့် နောက်ကွယ်ကထိန်းချုပ်ရတာကပြသနာတွေရှိလာလိမ့်မယ်။ ဒါပေါ့ သူသာ ရှောင်ချီကရှန်ကျင်းထန်ကိုချောက်ကမ်းပါးအစွန်ဆုံးကိုတွန်းပို့တဲ့အချိန်ထိစောင့်ပြီး သူရဲကောင်းအဖြစ်ပေါ်လာကာ ရှန်ကျင်းထန်ကိုအဲ့ဒီအဖြစ်ကနေကယ်တင်ကာ သူ့အပေါ်နှစ်သက်မှုတိုးလာအောင်လုပ်လို့ရတယ်။ ဒါပေမဲ့ အဲ့ဒါကရှန်ကျင်းထန်အပေါ်မကောင်းတဲ့သက်ရောက်မှုရှိလာမှာပင်။ အဲ့ဒီမကောင်းတာက နာရီအနည်းငယ်ဘဲကြာမယ်ဆိုရင်တောင် ရှန်ကျင်းထန်ကိုဘာဆိုးကျိုးမှမခံစားစေချင်ဘူး။
![](https://img.wattpad.com/cover/295689959-288-k883811.jpg)
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...