Chapter 84

3.3K 621 38
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 84:ဥက္ကဋ္ဌရန်ရဲ့နှစ်လိုဖွယ်ညှို့ဓာတ်များ

ပိုင်ချင်းကွမ်က ဒီနေရာမှာကောင်းမွန်တဲ့ပုံရိပ်မရှိဘူး။ သူကအရင်ကစစ်ပွဲရုပ်ရှင်မရိုက်ဖူးတာကြောင့် ရိုက်ကူးရေးတည်နေရာကအရမ်းခေါင်နေလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ သူကားထဲကထွက်လာတော့ မီးခိုးငွေ့တွေရှုမိလိုက်ပြီးအတော်ကြီးသီးသွားခဲ့တယ်။ ခပ်လှမ်းလှမ်းမှာ အိမ်တစ်လုံးကမီးလောင်နေပြီး စစ်ပွဲကြောင့်ပျက်စီးသွားတဲ့နေရာတစ်ခုဆီသွားနေရသလိုခံစားခဲ့ရတယ်။

သူကရိုက်ကွင်းကိုလာဖို့မစီစဥ်ထားခဲ့ရတာကြောင့် ဘာလက်ဆောင်မှယူမလာခဲ့ရဘူး။ သူမလာခင်လေးမှာ ဟိုတယ်ဝင်ပေါက်မှာဖရဲသီးတွေရောင်းနေတဲ့အဘိုးတစ်ယောက်ကိုတွေ့ခဲ့ရတယ်။ သူကဖရဲသီးအကုန်လုံးကိုဝယ်ယူခဲ့ပြီး ရိုက်ကွင်းဆီယူလာခဲ့တယ်။

“ကျွန်တော်တို့နောက်မှ ကားထဲကဖရဲသီးတွေကိုဝန်ထမ်းတွေကိုချပေးဖို့ပြောလိုက်မယ်၊ ဦးလေးကိုသူ့ဘာသာမချစေနဲ့နော်"
သူမှာထားတာတွေကိုကြားတာသေချာအောင်လုပ်ပြီးတော့ ပိုင်ချင်းကွမ်ကရိုက်ကွင်းဆီလာခဲ့တယ်။ သူကခြေလှမ်းအနည်းငယ်လောက်လှမ်းပြီးတော့ ကားဆီပြန်ပြေးပြီးအိတ်တစ်အိတ်ကိုဆွဲထုတ်လိုက်တယ်။ သူကအိတ်ထဲကနေ sunscreenကိုထုတ်လိုက်ပြီး သူ့ကိုယ်သူဖြန်းလိုက်တယ်။ "ရွှီး"ခနဲဆူညံသံထွက်လာပြီး sunscreenလေမှုန်တွေက လေထဲမှာပြန့်သွားတယ်။

ရှန်ကျင်းထျန်က သူ့ကိုလာနှုတ်ဆက်ပြီး သူ့ကိုလုမင်နဲ့အခြားလူတွေကိုနှုတ်ဆက်ဖို့ခေါ်သွားပေးခဲ့တယ်။

အခုပိုင်ချင်းကွမ်က ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်တာနှစ်ပေါင်းများစွာကြာပြီဖြစ်တာကြောင့် လူတိုင်းကသူ့ကိုသိကြပြီးယဥ်ကျေးစွာနှုတ်ဆက်ကြတယ်။ သူကယဥ်ကျေးစွာပြုမူပြီး လူတိုင်းကိုဦးညွှတ်ရင်းလက်ဆွဲနှုတ်ဆက်တာက သူတို့ကိုသူကအရမ်းနှိမ့်ချတယ်လို့တွေးထင်စေခဲ့တယ်။

“ငါရိုက်ကူးရေးလုပ်နေတုန်းရယ်၊ ပြီးတဲ့အခါငါမင်းကိုလှမ်းပြောလိုက်မယ်လေ"
ရှန်ကျင်းထျန်က ပြောလိုက်တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now