Chapter 74

3.6K 682 16
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 74: ပန်းပွင့်နဲ့ကောင်လေးက ကော်ဇောနီပေါ်လျှောက်လှမ်းလာတယ်

DGLLပြီးဆုံးသွားထဲက Gold powderတွေကစိတ်ကစဥ့်ကလျားဖြစ်လာသလိုခံစားနေရတယ်။ တစ်ဖက်မှာသူတို့ကလီရှုရဲ့ဝမ်းနည်းစရာကောင်းမှုထဲမှာနစ်မြောနေရင်း အခြားတစ်ဖက်မှာတော့ ရှန်ကျင်းထျန်ကတစ်နိုင်ငံလုံးကိုသိမ်းပိုက်နေတာကိုကြည့်ရင်းအရမ်းစိတ်လှုပ်ရှားနေကြတယ်။

“လူတိုင်းက နင်တို့ကောကောကိုဆက်တိုက်ခေါ်နေပြီး ဒိုင်လူကြီးတွေကိုလူအုပ်ကြီးရဲ့အသံတွေကိုကြားကြပါစေ!"

"ငါ့ကောကောက အမြဲဟော့ထ်နေတဲ့ဇကာတင်တစ်ယောက်လေ၊ လွန်ခဲ့တဲ့နှစ်ရက်ကနရားဝင်blogကပိုစ့်တင်လာတာနဲ့ သူ့ကျော်ကြားမှုကထပ်တက်သွားပြန်ပြီ၊ ငါ့ကောကောအတွက်ရိုးရှင်းတဲ့အရှိန်လေးဆောက်လုပ်နေရုံပါ!"

“*ရုပ်ရှင်ဧကရာဇ်ကဒီတစ်ကြိမ်တော့ပြေးမလွတ်တော့ဘူး!"

(*ရွှေခေါင်းလောင်းဆုရတဲ့သူကိုကိုတာပါ)

“ငါထင်တာတော့လူတိုင်းကခပ်လျှိုလျှိုနေသင့်တယ်နော်၊ ငါ့ကောကောကဆုရဖို့အခွင့်အရေးမြင့်တယ်၊ ဒါပေမဲ့ မနှစ်ကဆုပေးပွဲမှာအတော်ကြီးဟစ်ထ်ဖြစ်သွားတဲ့ ဟဲကျူးချွမ်ကိုမှတ်မိလား?အဆုံးတော့ သူကflopသွားတာလေ၊ ဒိုင်လူကြီးတွေရဲ့အကြိုက်က အလွယ်တကူခန့်မှန်းလို့မရဘူးနော်၊ ဒီနှစ်ကိုမပြောနဲ့ဦး ၊ Best Actorအတွက်ယှဥ်ပြိုင်မှုကအရမ်းပြင်းထန်တယ်"

ဆုပေးပွဲနီးလာလေ Gold powderတွေ စိတ်လှုပ်ရှားလာလေဘဲ။ ရှန်ကျင်းထျန်ရဲ့လုပ်ဆောင်မှုကအရမ်းကြီးမားတာကြောင့် လူတိုင်းနီးပါးမျှော်လင့်နေကြတယ်။ ratingတွေကလည်းကောင်းတယ်။ ကာရိုက်တာကလည်းအောင်မြင်ပြီး acting skillတွေကလည်းပြောစရာချို့ယွင်းချက်မရှိဘူး။

သူနဲ့အနီးဆုံးပြိုင်ဘက်က ပြိုင်ဘက်ကင်းရုပ်ရှင်များစွာရိုက်ကူးခဲ့တဲ့ဝါရင့်သရုပ်ဆောင်ချန်ဖန်းဖြစ်တယ်။ ဒီနှစ်မှာသူကရုပ်ရှင်ကားကြီးတစ်ကားမှာပါဝင်ခဲ့တယ်။ Best Actorအတွက်ယှဥ်ပြိုင်မှုက သူတို့နှစ်ယောက်ကြားမှာရှိတယ်လို့ အများအားဖြင့်ယုံကြည်ထားကြတယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now