Author: 公子于歌 / Gong Zi Yu Ge
Chapter 106: မပြတ်မသားဖြစ်ခြင်း
ရန်ချွီးချီကအရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူက ညဟာစားပွဲဆီလျှောက်လာပြီးထိုင်လိုက်တဲ့အချိန်ထိကိုသူ့မျက်နှာကနီရဲနေခဲ့တယ်။
"ကားလမ်းပိတ်တာတွေမရှိဘူးမလား?"
မဒမ်ရန်က ရှန်ကျင်းထျန်ကိုမေးလိုက်တယ်။"ဘုရားကျောင်းဟောင်းဘေးက လမ်းပိတ်နေတုန်းဘဲ..တံတားကဖြတ်ပြီးလာခဲ့တာကပိုကောင်းသွားတယ်"
"ဒီနေ့ဘယ်မှာရိုက်ကူးရေးလုက်တာလဲ?"
ရန်ချွီးချီကမေးလိုက်တယ်။"မြို့ဟောင်းကချန်အန်းလမ်းရဲ့အခြားဘက်မှာ"
ရှန်ကျင်းထျန်က ရန်ချွီးချီကိုကြည့်လိုက်တယ်။ ဘာလို့လဲဆိုတာသူသေချာမသိပေမဲ့ ရန်ချွီးချီကိုကြည့်မိတော့ ရှက်ရွံ့လာတယ်လို့ခံစားခဲ့ရပေမဲ့ တည်ငြိမ်နေတဲ့အမူအယာနဲ့ဘဲစိုက်ကြည့်နေမိခဲ့တယ်။ ရန်ချွီးချီက သူ့ကိုစက္ကန့်အနည်းငယ်လောက်ကြည့်ပြီးတာနဲ့ မျက်လွှာချလိုက်ပြီး လက်ဖက်ရည်ခွက်ကိုထိတွေ့လိုက်တယ်။
(*ဘေဘီရှန်စပြီးတိုက်ခိုက်ပါပြီ:)ရှန်ကျင်းထျန်က စိတ်ထဲမှာသက်ပြင်းချလိုက်မိတယ်။ အထက်ပုဂ္ဂိုလ်ကတော့ အထက်ပုဂ္ဂိုလ်ပါဘဲ။ Danmei novelတွေထဲကပြစ်ချက်ကင်းမဲ့တဲ့Gongတစ်ယောက်အတွက် သူ့ရဲ့အဘိဓာန်ထဲမှာ Shouဆိုတဲ့စကားလုံးမရှိသင့်ဘူး။ နွေဦးမှာရွက်သစ်တွေထွက်လာတာကိုမတားဆီးနိုင်သလိုမျိုးရန်ချွီးချီ ရှက်ရွံ့နေတာသိသာနေပေမဲ့လည်း သူကလုံးဝShouနဲ့မတူဘူး။ သူကဖြောင့်မတ်နေတဲ့ကျောပြင်ရယ် အမူအရာမပျက်ယွင်းဘဲနေရာမှာထိုင်နေခဲ့တယ်။ သူကရေခွက်ကိုကိုင်လိုက်ရင်း ရှန်ကျင်းထျန်ကိုထပ်ပြီးမော့ကြည့်လိုက်တယ်။ သူတို့တွေမျက်လုံးချင်းဆုံသွားတဲ့အခိုက်အတန့်မှာ ရှန်ကျင်းထျန်က မဒမ်ရန်ကိုလှမ်းကြည့်လိုက်မိတယ်။ ရန်ချွီးချီက ရှန်ကျင်းထျန်ရဲ့ဖြူဖွေးနူးညံနေတဲ့လည်ပင်းနဲ့လှုပ်ရှားနေတဲ့Adam's appleကိုဘဲမြင်နေရတယ်။ သူ့ရဲ့ဘေးတစောင်းပုံစံက ပန်းချီကားတစ်ချပ်လိုမျိုးအရမ်းချောမောခန့်ညားနေတယ်။
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Mizahကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...