Chapter 111

1.5K 156 13
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 111: Go After It!

ရှောင်ချီက သူမအထီးကျန်စိတ်ဝေဒနာခံစားရတော့မယ်လို့ထင်နေမိတယ်။လူထုအမြင်ကိုထိန်းချုပ်ဖို့သူမကိုနောက်ကွယ်ကထိန်းချုပ်ထားတာကြောင့် ဘယ်သူမှရှန်ကျင်းထန်ရဲ့အမဲစက်သမိုင်းကြောင်းကိုဂရုမစိုက်ကြဘဲ သူ့ဆွဲဆောင်မှုကိုဘဲအာရုံရောက်နေကြတယ်။

သူ့ကိုမကြိုက်ဆုံးဖြစ်ခဲ့တဲ့လူကလည်း အခုသူ့ကိုချစ်နေခဲ့တယ်။ မျက်နှာဖြတ်ရိုက်ခံရတဲ့အတင်းအဖျင်းထပ်ပိုပြီး သစ်လွင်လန်းဆန်းပြီးစိတ်ကျေနပ်စရာကောင်းတဲ့အရာဒီကမ္ဘာမှာမရှိဘူး။

ရှန်ကျင်းထန်ရဲ့အတိတ်ကမကောင်းကြောင်းတွေနဲ့ယှဉ်ရင် အခုကိစ္စကပိုပြီးဆွဲဆောင်မှုရှိကာ လှောင်ပြောင်ကြတဲ့အသံတွေကိုတောင်gold powderတွေက ဂရုမစိုက်ကြတော့ဘူး။

ရှောင်ချီက တောင်းပန်စာရေးနေရင်းမျက်ရည်ကျနေမိတယ်။ သူမ မတောင်းပန်ချင်ဘူးလို့!ဝူးဝူးဝူး!သူမရဲ့အတိတ်ကနေ့ရက်တွေမှာရှန်ကျင်းထန်ကိုမကောင်းပြောရင်းနေထိုင်ခဲ့ပြီး သူမရဲ့နောက်ဆုံးလက်ရာက သူ့ကိုနာမည်ရအောင်လုပ်ပေးလိုက်ရတာကိုတွေးမိတော့ သူမခေါင်းကိုဖိပြီးမစင်စားခိုင်းသလိုဘဲ အရမ်းမသက်မသာခံစားနေရတယ်။

တောင်းပန်စာမှာ အရင်နှစ်တွေကသူမလုပ်ခဲ့တဲ့ပထမဆုံးကောလဟာလဖြန့်တဲ့လုပ်ရပ်တွေကနေအစပြုပြီး သူမလုပ်ခဲ့သမျှနာမည်ကြီးမကောင်းသတင်းတွေအားလုံးကို အသေးစိတ်ရေးသားထားပြီး အောက်ကစာပိုဒ်နဲ့အဆုံးသတ်ထားတယ်
[ကျွန်မရဲ့ဆိုးရွားတဲ့စကားလုံးတွေနဲ့အပြုအမူတွေက လူကြီးမင်းရှန်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တယ်ဆိုတာသိပါတယ်၊အဲ့ဒီအတွက်ကျွန်မအနူးအညွတ်တောင်းပန်ပါတယ်၊ပြီးတော့ တရားရုံးကပေးတဲ့ဘယ်အပြစ်ဒဏ်မဆိုကြည်ဖြူစွာလက်ခံပါ့မယ်၊ဒီအကောင့်ကိုလည်းအပြီးဖျက်ပစ်မှာပါ၊အခုကစပြီး ကျွန်မကိုယ်ကျွန်မသေသေချာချာသုံးသပ်ပြီး ကောင်းကောင်းပြုမူသွားပါ့မယ်၊ကျွန်မထပ်ပြီး ရှန်ကျင်းထန်နဲ့အခြားထိခိုက်နာကျင်စေခဲ့တဲ့လူအားလုံးကိုတောင်းပန်ပါတယ်!]

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now