Chapter 67

4K 756 8
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 67: ခင်ဗျားမှာဘာလို့ ကျွန်တော့်မဂ္ဂဇင်းရှိနေရတာလဲ?

နှစ်သစ်ရဲ့ဒုတိယမြောက်နေ့မှာ ပိုင်ချင်းကွမ် ၊ ရှန်ကျင်းထျန် ၊ ကျန့်စီချီနဲ့ ဇာတ်ညွှန်းရေးဆရာမ မန်ရှောင်ရှန်းတို့က အတူတူညစာစားခဲ့ကြတယ်။ ညစာမစားခင်မှာဘဲ ဖြတ်သွားဖြတ်လာတွေရိုက်ယူသွားတဲ့ဓာတ်ပုံတွေက အင်တာနက်ပေါ်ပျံ့နှံ့လာခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သူတို့၃ယောက်က အရမ်းသဘောကောင်းနေကြတယ်။ သူတို့ဓာတ်ပုံအရိုက်ခံလိုက်ရတာသတိထားမိသွားတော့ ပိုင်ချင်းကွမ်ကကင်မရာဆီပြုံးပြလိုက်ပြီးအော်ပြောလိုက်တယ်။
"ငါတို့ကိုချောအောင်ရိုက်ပေးနော်"

ရှန်ကျင်းထျန်က ပြုံးလိုက်ရင်း သူ့ဘေးကကျန့်စီချီကိုပုတ်လိုက်တယ်။ ကျန့်စီချီက ကင်မရာဆီလက်ယမ်းပြလိုက်တယ်။

“တုန့်ဟွားနဲ့လရောင်ဖြူလေး အဲ့ဒီနှစ်ယောက်ကအခုသူငယ်ချင်းတွေလား?ငါ့အမြင်အရဆို ဒါကသူတို့အတူတူစားကြတာကိုပထမဆုံးအကြိမ်ဓာတ်ပုံရိုက်ခံရတာမဟုတ်ဘူးမလား?"

“သူတို့နှစ်ယောက် သူငယ်ချင်းတွေဖြစ်လာပြီလားဆိုတာမသေချာဘူး၊ အခုတော့ Gold powderတွေနဲ့ Moonlight powderတွေကတော့သဟဇာတဖြစ်နေကြတာ"

“ဒါက လူတွေကိုလှုံ့ဆော်ဖို့လုပ်နေတာသိသာနေတာကို၊ ညစာစားပွဲက ရိုက်ကူးရေးအဖွဲ့နဲ့လေ၊ အခြားလူတွေလည်းအဲ့ဒီမှာရှိပေမဲ့ ဘယ်သူမှသူတို့ကိုမခေါ်လို့နေမှာပေါ့"

“ဟုတ်တယ် ၊ မင်းသားရင်းလည်းအဲ့ဒီမှာရှိနေပုံဘဲ"

“DGLLမှာသူတို့၃ယောက်က ကြည့်လို့အကောင်းဆုံးဘဲ၊ ဒီခေတ်အဝတ်အစားတွေကပိုပြီးမျက်စိဖမ်းစားဖွယ်ကောင်းနေမယ်လို့ ငါမထင်ထားမိဘူး"

“တုန့်ဟွားက ဆွယ်တာနဲ့ဂျင်းဘောင်းဘီဝတ်ထားတဲ့တစ်ယောက်လား?သူက ခန္ဓာကိုယ်ပုံစံလည်းမိုက်လိုက်တာ"

“တုန့်ဟွားရဲ့ခန္ဓာကိုယ်ပုံစံက အနုပညာလောကထဲမှာရှိရမဲ့ ပုံစံဘဲ၊ သူ့အတွင်းခံကြော်ညာကိုကြည့်ပြီးသွားတော့ နင်တို့ဒါကိုသဘောမပေါက်သေးဘူးလား?"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now