Chapter 76

4K 703 10
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 76: သေးသွယ်တဲ့ခါးလေး

သူတို့အိမ်ပြန်ရောက်တော့ မဒမ်ရန်နဲ့ရန်တိန်ဖန်းကဧည့်ခန်းထဲမှာရှိနေတုန်းဖြစ်တယ်။ ညဥ့်နက်နေပြီဆိုပေမဲ့ သူတို့ကသူ့ကိုစောင့်နေကြတုန်းဘဲ။

ရန်တိန်ဖန်းကပြုံးလိုက်ရင်း မေးလိုက်တယ်။
"မင်းအဆင်ပြေရဲ့လား?"

"အဆင်ပြေပါတယ်"
ရှန်ကျင်းထျန်ကပြောလိုက်တယ်။
"ကျွန်တော်နည်းနည်းစိတ်ပျက်မိပေမဲ့ နေသားကျသွားပါပြီ၊ လူ၅ယောက်ကဆုတစ်ခုအတွက်ယှဥ်ပြိုင်ကြတဲ့အခါ ကျရှုံးနိုင်ချေ80%ရှိတယ်ဆိုတာပုံမှန်ပါဘဲ"

ရန်တိန်ဖန်းကခေါင်းညိတ်လိုက်ရင်းပြောတယ်။
"အောင်မြင်ခြင်း ဒါမှမဟုတ် ရှုံးနိမ့်ခြင်းကစစ်သားတွေအတွက်ပုံမှန်အရာဘဲလေ၊ ဒီလိုအဖြစ်အပျက်မျိုးက အနာဂတ်မှာရှောင်လွှဲလို့မရဘူးလေ၊ ပြီးတော့ဘယ်နယ်ပယ်မှာမဆိုအတူတူဘဲရယ်"

"ကောင်းပြီ လုံလောက်ပြီ"
မဒမ်ရန်ကသူ့ကို ဆွဲဆိတ်လိုက်ရင်း ရှန်ကျင်းထျန်ကိုပြောလိုက်တယ်။
"နောက်ကျနေပြီ၊ မင်းလည်းအရမ်းပင်ပန်းနေမှာဘဲ၊ သွားပြီးအနားယူတော့လေ"

ရန်ချွီးချီက သူ့နောက်ကနေအပေါ်ထပ်လိုက်တက်မလို့လုပ်နေတုန်း မဒမ်ရန်ကတားလိုက်တယ်။
"ချွီးချီ ခဏလောက်နေဦး၊ ငါမင်းကိုပြောစရာရှိတယ်"

ရှန်ကျင်းထျန် အပေါ်တက်သွားတော့ မဒမ်ရန်ကရန်ချွီးချီကိုထိုင်ဖို့အမူအယာပြလိုက်ရင်း ရန်တိန်ဖန်းကိုသူ့အခန်းဆီပြန်အိပ်ဖို့ပြောလိုက်တယ်။

ရန်တိန်ဖန်း: "ဘာတွေများအရမ်းလျှို့ဝှက်နေလို့ ငါ့ကိုတောင်ပေးနားမထောင်တာလဲ?"

မဒမ်ရန်:"ချွီးချီရဲ့ကုမ္ပဏီအကြောင်းလေ"

ရန်တိန်ဖန်းကပြုံးလိုက်ရင်း သူမဘာပြောတော့မှာကိုသိနေသလိုဖြစ်တာကြောင့် သူကအပေါ်ထပ်တက်သွားခဲ့တယ်။

ရန်ချွီးချီက suitအကျီကိုကြယ်သီးဖြုတ်လိုက်ရင်း ထိုင်လိုက်တာသူမကိုကြည့်လိုက်တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now