Chapter 82

3.4K 636 18
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 82: အချစ်စီးပွားရေး

ညစာစားပွဲပြီးလို့ သူတို့စားသောက်ဆိုင်ထဲကထွက်လာတော့ ညဥ့်နက်နေပြီဖြစ်တယ်။ ရန်ချွီးချီကမော့ကြည့်လိုက်တော့ ညကောင်းကင်မှာတောက်ပနေတဲ့ကြယ်ပွင့်တွေကိုမြင်လိုက်ရတယ်။ ရာသီဥတုက နေ့ဘက်မှာအရမ်းပူနေပေမဲ့ ညမှာတော့ကောင်းမွန်တဲ့အေးမြမှုလေးတစ်ခုရှိနေတယ်။

ညတွင်းချင်းဘဲ လုမင်ကရိုက်ကွင်းဆီပြန်သွားခဲ့တယ်။ ရှန်ကျင်းထျန်နဲ့အခြားလူတွေကသူ့ကိုကားဆီလိုက်ပို့ခဲ့ပြီး သူတို့ကဟိုတယ်ဆီပြန်လာခဲ့ကြတယ်။ စားသောက်ဆိုင်က ဟိုတယ်ကနေ 1ကီလိုမီတာလောက်တောင်မဝေးတာကြောင့် ရှန်ကျင်းထျန်က သူ့အစာခြေစနစ်ကိုအထောက်အကူပြုဖို့လမ်းလျှောက်ပြန်ဖို့လုပ်ခဲ့တယ်။

မူလကMr.ကျန်းကဟိုတယ်မှာမနေပေမဲ့ သူက*နွေဦးရေလှိုင်းလေးကိုသည်းမခံနိုင်တာကြောင့် ရန်ချွီးချီကိုစိတ်အားထက်သန်စွာပြောလာတယ်။
"ဥက္ကဋ္ဌရန်က ကားမောင်းမလာဘူးလေ၊ ကျွန်တော့်ကားနဲ့ခေါ်သွားမယ်လေ"
(*it means love)

ရှန်ကျင်းထျန်က 'ကျစ်'ခနဲအသံထွက်လာပြီး Mr.ကျန်းကိုလှည့်ကြည့်လိုက်တယ်။ ဒီလူကြီးက ခေါင်းတလားကိုမမြင်ရဘဲမျက်ရည်မကျဘူးဘဲ။ သူသတိပေးတာက အလုပ်မဖြစ်ခဲ့ဘူး။

အဲ့ဒါက Mr.ကျန်းကမရိုးဖြောင့်တာမဟုတ်ဘူး။ သူကဘာမှလုပ်ဖို့မကြံစည်ထားဘူး။ သူ့ရှေ့ကလူချောလေးကိုကျေနပ်စေဖို့ သူကအကောင်းဆုံးလုပ်ချင်ခဲ့ရုံဘဲဖြစ်တယ်။

ရှန်ကျင်းထျန်က စကားပြောမလိုလုပ်နေတုန်း ရန်ချွီးချီပြောလိုက်တာကိုကြားလိုက်ရတယ်။
"ဒါဆိုလည်း ကျွန်တော်Mr.ကျန်းကိုဒုက္ခပေးရတော့မှာဘဲ"

ရှန်ကျင်းထျန်က ရှောခ့်ရသွားတယ်။ သူကရန်ချွီးချီကိုကြည့်လိုက်မိတယ်။ ရန်ချွီးချီကသူ့ကိုမေးလာတယ်။
"အတူတူလိုက်မလား?"

ရှန်ကျင်းထျန်က ငြင်းပယ်လိုက်တယ်။
"ဟိုတယ်ကနီးနီးလေးလေ"
ဒါက သူပထမဆုံးအကြိမ်ဒီစားသောက်ဆိုင်ကိုလာတာမဟုတ်ဘူး။ ဒီကနေဟိုတယ်ဆီဆို ၁၀မိနစ်လောက်ဘဲလမ်းလျှောက်ရတယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now