Author: Gong Zi Yu Ge
ရန်ယောင်ရွှမ်းက စိတ်လှုပ်ရှားနေတာကိုထိန်းချုပ်ပြီးမေးလိုက်တယ် "ဘာတက်တူးကိုဆေးခဲ့တာလဲ?"
ရှန်ကျင်းထျန်ရဲ့ကိုယ်ပေါ်မှာဘာတက်တူးရှိတယ်ဆိုတာလူတိုင်းသိတယ် ရန်ယောင်ရွှမ်းက မီးမွှေးဖို့ကြိုးစားနေတာမြင်ရတော့ မဒမ်ရန်ကမပျော်မရွှင်ဖြစ်သွားတယ် သူမကဖြတ်ပြီးမေးလိုက်တယ် "အဲ့ဒါကနာလား?"
"အဆင်ပြေပါတယ် "ရှန်ကျင်းထျန်ကပြန်ဖြေလိုက်တယ် သူပြောပြီးသွားတော့ ရန်ချွီးချီကိုလှမ်းကြည့်လိုက်ပေမဲ့ ရန်ချွီးချီကစကားတစ်ခွန်းမှမပြောဘဲ ငြိမ်သက်စွာစားသောက်နေတယ် ရန်ချွီးချီက သူ့အပြုအမူကိုအသိအမှတ်ပြုပုံမပေါ်ဘူး
လေထုကအနေရခက်လာတာကိုမဒမ်ရန်ကခံစားလိုက်ရတယ် ဒါ့ကြောင့်သူမကအကြောင်းအရာပြောင်းပြီး ရှန်ကျင်းထျန်ရဲ့အလုပ်အကြောင်းကိုမေးလိုက်တယ် "မင်းရုပ်ရှင်စရိုက်ရင် အန်တီလာကြည့်မယ်လေ နှစ်တွေအကြာကြီး ရုပ်ရှင်တွေကြည့်ပြီးသွားတော့ ငါရိုက်ကွင်းကိုကြည့်ချင်နေခဲ့တာ"
"ကျွန်တော်လည်းသွားချင်တယ် "ရန်ယောင်ရွှမ်းကလည်းဝင်ပြောလိုက်တယ်
"သူရုပ်ရှင်စရိုက်ရင် မင်းလည်းကျောင်းပြန်ရောက်နေပြီ"ရန်ချွီးချီကအေးစက်စွာပြောလိုက်တယ်
"ကျွန်တော်ခွင့်တိုင်လို့ရပါတယ်"ရန်ယောင်ရွှမ်းက ပြန်ဖြေလိုက်တယ်
"မလုပ်ပါနဲ့ ဇာတလမ်းကအရမ်းရှည်လို့နှစ်တစ်ဝက်လောက်ရိုက်ရလိမ့်မယ် ဆောင်းတွင်းအားလပ်ရက်လောက်အထိပြီးမှာမဟုတ်ဘူး အဲ့ဒီကျမှမင်းလာလည်လေ"ရှန်ကျင်းထျန်က ပြောလိုက်တယ်
"ဇာတ်လမ်းမိတ်ဆက်ပွဲpress conferenceရောရှိလား?"မဒမ်ရန်က မေးလိုက်တယ်
ရှန်ကျင်းထျန်က ခေါင်းညိတ်ပြလိုက်တယ်
"ဒါဆိုမင်းမှာအဝတ်အစားကောင်းကောင်းရှိဖို့လိုတာပေါ့"မဒမ်ရန်ကပြောလိုက်တယ် "မင်းအားတဲ့အချိန်ကျရင် ငါမင်းကိုတစ်စုံလောက်ဝယ်ဖို့ ခေါ်သွားမယ်လေ"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...