Author: 公子于歌 / Gong Zi Yu Ge
Chapter 61: မွေးနေ့လက်ဆောင်
ရှန်ကျင်းထျန်က အရင်ကမဂ္ဂဇင်းတွေအများကြီးမှာပါဝင်ခဲ့တယ်။ အခုခေတ်မှာ သူ့မျက်နှာပါတဲ့မဂ္ဂဇင်းတွေအားလုံးကရောင်းထွက်ကုန်တယ်။ ရန်ယောင်ရွှမ်းက မဂ္ဂဇင်းတွေတင်ထားတဲ့စင်ရှေ့မှာရပ်လိုက်ပြီး ကော်ပီနှစ်ခုကိုကောက်ကိုင်လိုက်ရင်းပိုင်ရှင်ကိုမေးလိုက်တယ်။
"ဘယ်လောက်လဲ?"
ရန်ယောင်ရွှမ်းက ဒီနှစ်ကူးမှာအိမ်ပြန်သွားဖို့မစီစဥ်ထားဘူး။ သူတရုတ်ပြည်ပြန်လာခဲ့ရင် ရှန်ကျင်းထျန်ကိုမတွေ့ဘဲမနေနိုင်လောက်ဘူးလို့ခံစားမိတယ်။ သူ့ရဲ့တိတ်တခိုးအချစ်ကိုသူအနှောင့်အယှက်မပေးသင့်ဘူး။ သူဖွင့်ပြောတာမအောင်မြင်ဖြစ်သွားပြီးတော့ သူရှန်ကျင်းထျန်ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတောင်မသိတော့ဘူး။
သူ့လိုနိုင်ငံခြားရောက်နေတဲ့တစ်စုံတစ်ယောက်အတွက် ဒီနှစ်ဝက်အတွင်းမှာဘဲအရာရာကအတက်အကျဖြစ်နေတယ်လို့သူခံစားမိတယ်။ သူလေဆိပ်ကနေထွက်လာတော့ ရှန်ကျင်းထျန်ရဲ့Phoneကြော်ညာပိုစတာအကြီးကြီးကိုမြင်လိုက်ရတယ်။ ရှန်ကျင်းထျန်က တောက်ပစွာပြုံးနေပြီး confidenceရှိစွာပိုစ့်ပေးနေတယ်။ သူကအရမ်းစိမ်းသက်နေသလိုမျိုးရန်ယောင်ရွှမ်းကခံစားမိတယ်။ သူပိုစတာကိုမြင်မြင်ချင်းဘဲ သူ့နှလုံးသားကပြန်ရှင်သန်လာသလိုခံစားလိုက်ရတယ်။
ရှန်ကျင်းထျန်ရဲ့ကြော်ညာအများစုက အထူးသဖြင့်မြို့လယ်ခေါင်လိုနေရာမျိုးတွေမှာကျယ်ကျယ်ပြန့်ပြန့်ကြေညာထားတဲ့ ဘရန်းကြီးတွေဖြစ်တယ်။ နှစ်သစ်ကူးအတွင်းမှာ သူ့ကြော်ညာတွေပြသထားတဲ့ကြော်ညာboardတွေမှာ လူတွေအများကြီးအုံနေကြတယ်။ ရန်ယောင်ရွှမ်းက ကားထဲမှာထိုင်နေရင်း ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေမိတယ်။ သူကကြီးမားတဲ့စခရင်ကြီးပေါ်က ဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့လှပတဲ့မျက်လုံးတွေနဲ့ရှန်ကျင်းထျန်ရဲ့ကြော်ညာနောက်တစ်ခုကိုမြင်လိုက်ရတယ်။ သူ့phကိုထပ်ပြီးငုံ့ကြည့်လိုက်မိတယ်။ သူ့screensaverကသူနိုင်ငံခြားသွားတုန်းက ရိုက်ယူခဲ့တဲ့ဓာတ်ပုံဖြစ်တယ်။
![](https://img.wattpad.com/cover/295689959-288-k883811.jpg)
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...