Chapter 63

4K 827 35
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 63: Moonlight ကျင်းထျန်

ဒီနေ့က ပိုင်ချင်းကွမ်ရဲ့သေဆုံးတဲ့sceneဖြစ်တယ်။ ဒါရိုက်တာရယ် လက်ထောက်ဒါရိုက်တာနဲ့မိတ်ကပ်ဆရာမတွေအကုန်လုံးက သူ့ရဲ့နောက်ဆုံးရိုက်ကွင်းအတွက်လာခဲ့ကြတယ်။ သူကပန်းပွင့်တွေရဲ့ဝန်းရံခြင်းခံနေရပြီး လူအုပ်ကြီးကိုဖြတ်ပြီးရှန်ကျင်းထျန်ကိုကြည့်နေမိတယ်။ သူရှန်ကျင်းထျန်နဲ့ဓာတ်ပုံအတူတူရိုက်ချင်ပြီးWeiboပေါ်တင်ချင်မိတယ်။ သူကဒရာမာထဲအရမ်းနစ်ဝင်သွားတာကြောင့်ဖြစ်နိုင်တယ်။ အခုရှန်ကျင်းထျန်အပေါ် သူ့နှစ်သက်မှုတွေကတိုးတက်လာခဲ့တယ်။

မဒမ်ရန်က ရှန်ကျင်းထျန်ကိုဖက်ထားရင်းငိုနေခဲ့တယ်။ နောက်ဆုံးတော့ သူမရဲ့ငိုသံတွေက ရှန်ကျင်းထျန်ရဲ့မသက်မသာဖြစ်နေတဲ့ခံစားချက်တွေကနေသူ့ကိုဖယ်ပစ်လိုက်နိုင်ခဲ့တယ်။

ရှန်ကျင်းထျန်က ပြုံးလိုက်ရင်းမဒမ်ရန်ရဲ့နောက်ကျောကိုပုတ်ပေးလိုက်ပြီး
"အန်တီ အဲ့ဒါတွေအကုန်ကသရုပ်ဆောင်ရုံသက်သက်ဘဲလေ၊ လီရှုကသနားစရာကောင်းပေမဲ့ ကျွန်တော်မဟုတ်ဘူးလေ"

မဒမ်ရန်ကတရှုံ့ရှုံ့လုပ်နေရင်း
"မင်းငိုနေတာကိုငါမကြည့်နိုင်လို့လေ"

ရန်ချွီးချီက တစ်ရှုးတစ်ရွက်ပေးလာခဲ့တယ်။ ရှန်ကျင်းထျန်က လှမ်းယူလိုက်ပြီး မဒမ်ရန်ရဲ့မျက်ရည်တွေကိုကူသုတ်ပေးလိုက်တယ်။

မဒမ်ရန်က သူမရဲ့ပုံမှန်အခြေအနေကိုပြန်ရောက်သွားတော့ နည်းနည်းရှက်လာမိတယ်။ သူမကတစ်ရှုးကိုယူလိုက်ပြီး မျက်နှာပေါ်ကိုသုတ်လိုက်ရင်း နှာသံနဲ့ပြောလိုက်တယ်။
"မင်းအရမ်းသရုပ်ဆောင်ကောင်းတာဘဲ၊ ဒီအပိုင်းသာထုတ်လွှင့်ရင် ငါ့ကိုထပ်ငိုစေရဦးမယ်ဆိုတာငါသိတယ်"

"ကျင်းထျန် ကိတ်ခွဲရအောင်!"
လက်ထောက်ဒါရိုက်တာက လှမ်းခေါ်လိုက်တယ်။

မဒမ်ရန်: "ရိုက်ကူးရေးအဖွဲ့နဲ့အရင်သွားပြီးကျင်းပလိုက်ဦး၊ အများကြီးမစားနဲ့နော်၊ ငါကိုယ်တိုင်လုပ်ထားတဲ့ကိတ်မုန့်လည်းယူလာခဲ့တာ"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now