Author: 公子于歌 / Gong Zi Yu Ge
Chapter 99: ရူးသွပ်ခြင်း
"အသက်ရှင်သန်ဖို့ ငါတာဝန်ပြီးမြောက်ဖို့လိုတဲ့တာဝန်အတွက်သာမဟုတ်ဘူးဆိုရင် ငါအလှလေးပိုင်ချင်းကွမ်နဲ့တောင်မဖလစ်ရဲဘူး"
ရှန်ကျင်းထျန်က ဆက်ပြီး
"ငါတစ်ယောက်ယောက်နဲ့ဖလစ်ရမယ်ဆိုရင်တော့ ငါအနှစ်သက်ဆုံးလူနဲ့ဘဲဖလစ်မှာ!အလှအပမှာဆိုရင်တော့ ပိုင်ချင်းကွမ်က ပိုပြီးစွဲမက်စရာကောင်းတယ်"ရှောင်အိုက်: "ဒါက ရှောင်အိုက်ဆီကရိုးရှင်းတဲ့အကြံလေးတစ်ခုပါ၊ နောက်ဆုံးဆုံးဖြတ်မှုကမင်းဆီမှာဘဲလေ၊ ဒါပေမဲ့လည်း မင်းရဲ့မစ်ရှင်အတွက်အချိန်ကန့်သတ်ချက်တစ်ခုလည်းရှိတယ်ဆိုတာကို ရှောင်အိုက်ကကြင်နာစွာသတိပေးတယ်နော်"
ရှန်ကျင်းထျန် : "ဘာ?!"
ဘာလို့အဲ့ဒါကိုအရင်ကမပြောခဲ့တာလဲ?!
ရှောင်အိုက်: "အဲ့ဒါက တာဝန်တစ်ခုဖြစ်တညကြောင့် အချိန်ကန့်သတ်ချက်ကရှိရမှာဘဲလေ"
ရှန်ကျင်းထျန် : "ငါ့မှာရှိသေးတာ.....အချိန်ဘယ်လောက်လောက်လဲ?"
ရှောင်အိုက်: "၂နှစ်အတွင်းပြီးမြောက်ရမှာ"
အဆင်ပြေပါတယ်။ ၁နှစ်နီးပါးလောက်ကျန်သေးတယ်။ <When You're Older>ရိုက်ကူးပြီးသွားရင် သူနဲ့ပိုင်ချင်းကွမ်ရဲ့ဆက်ဆံရေးကလည်းတိုးတက်လာသင့်လောက်ပါပြီ။ သူက သူ့ကိုယ်သူယုံကြည်မှုရှိတယ်။ ပြောရရင် ရန်ခွိီးချီတောင်သူ့ကိုချစ်မိနိုင်လာမှတော့ ပိုင်ချင်းကွမ်ကိုဆိုပြောစရာမလိုတော့ဘူး!
ရှောင်အိုက်: "အချစ်နဲ့သဟဇာတဖြစ်မှုsystemရဲ့အဆိုဥပစာက ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်းပေါ်မှာရှိပါတယ်၊ ဒါပေါ့..ငါတို့မင်းကိုဖိအားမပေးပါဘူး၊ မင်းလရောင်ဖြူလေးကိုမြန်မြန်ဆန်ဆန်အောင်မြင်အနိုင်ရပြီး လှပခြင်းအထွတ်အထိပ်ကိာရောက်ပြီး လှပတဲ့ယောကျ်ားတစ်ယောက်ကိုပွေ့ဖက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်၊ ကံကောင်းပါစေ!"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Hài hướcကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...