Author: Gong Zi Yu Ge
လွန်ခဲ့၂နှစ်တုန်းကညတစ်ညမှာ ပိုင်ချင်းကွမ်နဲ့ရှန်ကျင်းထျန်ကအဖွဲ့တစ်ခုထဲမှာ အတူတူပွဲဦးထွက်ခဲ့တယ် သူတို့၇ယောက်အုပ်စုက Harper's Bazzarရဲ့ပွဲတစ်ခုမှာပွဲဝင်ဆင်နွဲခဲ့တယ် သူတို့ဓာတ်ပုံတစ်ပုံလောက်ရိုက်ဖို့လုပ်ကြတော့ ရှန်ကျင်းထျန်က သူ့ကိုရုတ်တရက်တွန်းချလိုက်ပြီး သူ့ကိုလူအုပ်ထဲကနေကွဲသွားစေခဲ့တယ်
သူကမြေပြင်ပေါ်ကို ထိပ်တန်းနာမည်ပညာရှင်တွေရဲ့ရှေ့မှာလဲကျသွားခဲ့တယ် သူရှက်လွန်းလို့ဦးရေပြားတွေတောင်ထုံလာခဲ့တယ် သူမော့ကြည့်လိုက်တော့ ရှန်ကျင်းထျန်က နက်နဲတဲ့မဲ့ပြုံးကြီးနဲ့သူ့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်
အဆုံးမှာတော့ သူကအပြုံးမပျက်ဘဲသူ့အခန်းဆီပြန်လာခဲ့တယ် ပြီးမှရေချိုးခန်းထဲဝင်ပြီးရေပိုက်ဖွင့်ရင်း ငိုနေခဲ့တယ် သူငိုပြီးသွားတော့ သူ့ရဲ့တရားဝင်ဖန်ကလပ်က ဥက္ကဋ္ဌကသူ့ဖန်ကလပ်ထဲမှာ ပရိတ်သတ်အဖြစ်ဟန်ဆောင်ထားတဲ့ ရှန်ကျင်းထျန်ရဲ့ဖန်ကိုတွေ့ခဲ့တယ်လို့ပြောပြခဲ့တယ်
အဲ့ဒီဖန်က အရမ်းမုန်းစရာကောင်းတယ် သူမကanti fanဆိုတာသိသာတယ် သူမကပရိတ်သတ်လိုဟန်ဆောင်ပြီး ဥက္ကဋ္ဌဆီကမဖမ်းမိခင်အထိ group ထဲကသူ့ဖန်တွေကိုနေ့တိုင်းထောက်လှမ်းနေခဲ့တယ်
အဲ့ဒါက ပိုင်ချင်းကွမ်ကို စိတ်ကူးတစ်ခုရသွားစေတယ် အဲ့ဒီညမှာဘဲ သူကအကောင့်တစ်ခုဖွင့်လိုက်ပြီးတော့ တစ်လလောက်ရှန်ကျင်းထျန်ကို အမွှန်းတင်တာတွေဘဲတင်ခဲ့တယ် ရှန်ကျင်းထျန် မဂ္ဂဇင်းဓာတ်ပုံတွေရိုက်တိုင်း သူ့ဖန်တွေကအပြေးအလွှားသွားဝယ်ကြတယ် ပိုင်ချင်းကွမ်က သူတစ်ဦးတည်း ၅၀၀လောက်ဝယ်ခဲ့ပြီးတော့ နောက်ဆုံးသူGold powder Family ထဲကိုဝင်ခွင့်ရသွားတယ်
သူ့ရဲ့အကောင့်တုကတော့ Black Moonlight ဖြစ်တယ်
သူကအမြဲတမ်းရှန်ကျင်းထျန်ကိုအမွှန်းတင်ဖို့ကြိုးစားတယ် အနုပညာလောကနဲ့သူကရင်းနှီးတဲ့အတွက် နောက်ဆုံးတော့ သူကgroupရဲ့adminဖြစ်လာခဲ့တယ် ဒီgroupကရှန်ကျင်းထျန်လိုဘဲ မုန်းစရာကောင်းတဲ့gold powder တွေနဲ့ပြည့်နေတယ် နေ့တိုင်းသူတို့ကရှန်ကျင်းထျန်ကို အမွှန်းတင်တယ် ဒါမှမဟုတ်ရင် ပိုင်ချင်းကွမ်ကိုဆဲဆိုနေကြလိမ့်မယ်
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...